အမေရိကန်ရေတပ်မှ စစ်ရေယာဉ် USNS FALL RIVER (T-EPF-4) ကို
တပ်မတော်(ရေ)မှ အရာရှိ ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရေတပ် စစ်သံမှူး တို့က
ရန်ကုန်မြို့ သီလ၀ါဆိပ်ကမ်း MITT တံတား၌ ကြိုဆိုစဉ်
နေပြည်တော် ၊ ၂၂-၃-၂၀၁၇
အမေရိကန်ရေတပ်မှ စစ်ရေယာဉ် USNS FALL RIVER (T-EPF-4) သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ယမန်နေ့နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရေတပ် စစ်သံမှူးတို့က ကြိုဆိုနှုတ်ဆက် ကြသည်။
အဆိုပါ စစ်ရေယာဉ်အား စစ်ရေယာဉ်မှူး CAPT Stanfield L.Chien ဦးစီး၍ အရာရှိ၊ စစ်သည် စုစုပေါင်း ၁၃၉ ဦးလိုက်ပါလာပြီး မြန်မာနိုင်ငံတွင် မတ် ၂၅ ရက်ထိ ငါးရက်ကြာ နေထိုင်၍ လေ့လာလည်ပတ် သွားမည်ဖြစ်ပြီး ချစ်ကြည်ရေး အားကစားပြိုင်ပွဲ များလည်း ပြုလုပ်သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ စစ်ရေယာဉ်များ လာရောက် လည်ပတ်ခြင်းဖြင့် နှစ်နိုင်ငံ ရေတပ်အချင်းချင်း သာမက နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု များကို ပိုမိုမြှင့်တင် ဆောင်ရွက်လာ နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)
No comments:
Post a Comment