www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 29, 2017

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင် ) ကိုကိုးကျွန်းမြို့နှင့် ဟိုင်းကြီးကျွန်းမြို့ တို့တွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရန်ထွက်ခွာ


တပ်မတော်ပင်လယ်သွားဆေးရုံသင်္ဘော(သံလွင်)ကို တပ်မတော်(ရေ )မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင်နှုတ်ဆက်စဉ်။

နေပြည်တော် ၂၉-၃-၂၀၁၇

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ မှပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံ သင်္ဘော(သံလွင်)သည် ကိုကိုးကျွန်းမြို့နှင့် ဟိုင်းကြီးကျွန်းမြို့တို့ရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး ရန်အတွက် မတ် ၂၇ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၃) ရေတပ်ဆိပ်ခံ တံတားမှထွက်ခွာရာ တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင် နှုတ်ဆက် ကြသည်။

အဆိုပါ တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) တွင် ပါရဂူ ၁၁ ဦး၊ ဆေးမှူး ၁ဝ ဦး ၊သူနာပြု အရာရှိ ၁၂ ဦး၊ သူနာပြုစစ်သည် ၄ဝ ဦး စုစုပေါင်း ၇၃ ဦးတို့ လိုက်ပါသွား ကြပြီး ကိုကိုးကျွန်းမြို့နှင့် ဟိုင်းကြီးကျွန်းမြို့တို့မှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#themywadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger