www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 22, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ တို့ ရင်းနှီးစွာ တွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ ၊ ဂျပန်နိုင်ငံ စာတိုက်နှင့် ဆက်သွယ်ရေး ဝန်ကြီးဟောင်း Mr.Hideo WATANABE အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၂၂-၂-၂၀၁၇

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံ စာတိုက်နှင့် ဆက်သွယ်ရေး ဝန်ကြီးဟောင်း Mr.Hideo WATANABE ဦးဆောင်သော အဖွဲ့အား ယမန်နေ့ ညနေ ၅ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး Mr.Hideo WATANABE နှင့်အတူ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာ-ဂျပန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့် လုပ်ဆောင်နိုင်မှု အခြေအနေများ၊ ကရာတေးဒို နှင့် လှံစွပ်ထိုး အားကစား များတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင်ရေး ကိစ္စရပ်များ၊ အကြောင်း အမျိုးမျိုး ကြောင့် အငြိမ်းစား ယူသွားကြသည့် မြန်မာ့ တပ်မတော်သား များအတွက် အိမ်တွင်းမှု လုပ်ငန်းများ၊ အင်ဂျင်နီယာ လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် သင်တန်းပေးရေး ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ဒုတိယသက်တမ်း ကာလ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များ အောင်မြင်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို
ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ တို့သည် တက်ရောက် လာကြသူ များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger