www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 16, 2017

ရှေးဟောင်းခရီးစဉ်ဒေသ ၅ ခုစီမံကိန်းတွင် ဒေသခံပြည်သူများကို တိုက်ရိုက်အကျိုးပြုနိုင်ရန် ဆောင်ရွက်မည်



မန္တလေး ၊ ၁၆-၁-၂၀၁၇

ရှေးဟောင်းခရီးစဉ် ဒေသ ငါးခု စီမံကိန်းတွင် Tour မှ ရရှိသည့်ဝင်ငွေကို ဒေသခံပြည်သူ များအား တိုက်ရိုက်အကျိုးပြု နိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

စီမံကိန်းတွင် ရှေးဟောင်း ခရီးစဉ်ဒေသ ငါးခုရှိ နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်စားသည့် နေရာများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသွား ဝင်ရောက်မှု၊ ခရီးသွားလုပ်ငန်းမှ ရရှိသည့် အကျိုးအမြတ် စသည့် အချက်အလက် များကို ထည့်သွင်း အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

''ခရီးစဉ်ဒေသ တွေမှာ လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်း ထုတ်ပြန်တာတွေ၊ ထိန်းသိမ်းမှုတွေ၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်မှာ ပါ။ ခရီးစဉ်ဒေသ တွေက အသစ် ဖော်ထုတ်တာလဲ ရှိတယ်။ အသုံးမချ သေးနိုင်တာလဲ အများကြီးရှိ သေးတယ်'' ဟု အဆိုပါဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းယု က ပြောပြသည်။

ရှေးဟောင်းခရီးစဉ် ဒေသငါးခု ဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊ အင်းဝ၊ အမရပူရ နှင့် မင်းကွန်းဒေသ တို့တွင် ခရီးသွားလုပ်ငန်း ရေရှည် ဖွံ့ဖြိုးတိုးတက်ရန် နှင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရန် စီမံကိန်း တစ်ခုကို အီတလီနိုင်ငံ Flourence University က ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ က စတင်ရေးဆွဲ ခဲ့ပြီး လက်ရှိတွင် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

စီမံကိန်းတွင် ရှေးဟောင်း ခရီးစဉ်ဒေသ ငါးခုရှိ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရန် Tour မှ ရရှိသည့်ဝင်ငွေကို ဒေသခံပြည်သူ များအား တိုက်ရိုက် အကျိုးပြုနိုင်ရန် နှင့် ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှု များလာပါက ဒေသ မပျက်စီးစေရန် နည်းလမ်းများ ပါဝင်မည် ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger