www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 12, 2016

ယခုနှစ်ခရီးသွားရာသီအတွက် ပြည်တွင်းရှိ မြန်မာ့ရိုးရာ အနုပညာ ၀န်ဆောင်မှုလုပ်ငန်း များကို အမေရိကန် နှုင့် ဂျာမနီနိုင်ငံတို့မှ အများဆုံးကမ်းလှမ်း



ရန်ကုန် ၊ ၁၂-၁-၂၀၁၆

ယခုနှစ် ခရီးသွားရာသီ အတွက် ပြည်တွင်းရှိ မြန်မာ့ရိုးရာ အနုပညာ ဝန်ဆောင်မှုလုပ်ငန်း များကို ကမ်းလှမ်းရာတွင် အမေရိကန်နှင့် ဂျာမနီနိုင်ငံတို့မှ အများဆုံး ဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံကို တစ်နှစ်ထက် တစ်နှစ် ပြည်ပခရီးသွားတွေ အများကြီး လာကြသလို မြန်မာ့ရိုးရာ ဖျော်ဖြေပွဲကို ကပြဖျော်ဖြေတဲ့ အခါ သေသေချာချာ လေ့လာကြတယ်။ တချို့ ပြည်ပခရီးသွား တွေဆို အွန်လိုင်း ကနေ ၉ လ၊ ၁ဝ လလောက် ကြိုပြီးတော့ ခရီးသွား ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး စာရင်းပေးတဲ့ အထိ မြန်မာ့ရိုးရာ ဖျော်ဖြေပွဲကို စိတ်ဝင်စား ကြတယ်'' ဟု Myanmar Culture Show မှ တစ်ခိုင်လုံးရွှေ အေးအေးမြင့် က ပြောသည်။

အမေရိကန်နှင့် ဂျာမနီနိုင်ငံတို့ အတွက် မြန်မာ့ရိုးရာ ဖျော်ဖြေမှုများကို ယခုနှစ် ဧပြီလအတွင်း တင်ဆက်ပေး သွားမည်ဖြစ်ရာ မြန်မာ့ရိုးရာ အက၊ ပုဂံအက၊ အပျိုတော် အက၊ ကိုကြီးကျော် အကနှင့် ရုပ်သေး၊ သင်္ကြန်အက၊ ဆီမီးခွက် အကများ အပြင် ကျောက်ဆည် ဆင်အကနှင့် ခြင်းလုံးအလှခတ် များဖြင့် ဖျော်ဖြေတင်ဆက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည့် ခရီးသွား ဧည့်သည်များ အနေဖြင့် ယခုနှစ် ဧပြီလအထိ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ကကွက်များကို ကြည့်ရှုရန် ပြည်တွင်း ခရီးသွား အေဂျင်စီများနှင့် ချိတ်ဆက်၍ တစ်ဆင့်ကြိုတင် ကမ်းလှမ်းမှုများ ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ခရီးသွားရာသီတွင် ဂျပန်၊ ထိုင်း၊ ဥရောပနှင့် အမေရိကန် နိုင်ငံတို့မှ ခရီးသွား ဧည့်သည်များ အတွက် ဖျော်ဖြေ တင်ဆက်မှုများကို သီလဝါ ဆိပ်ကမ်းသို့ လာရောက် ဆိုက်ကပ်သည့် ကမ္ဘာလှည့် ခရီးသွား သင်္ဘောများ၌ ဖျော်ဖြေတင်ဆက် ပေးခဲ့ကြောင်း သိရသည်။

ဘွန်ဆိုင်း

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger