www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 7, 2015

RBE အဲကွန်းရထား ၂၃ တွဲ ထပ်မံရောက်ရှိ



ရန်ကုန် ၊ ၇-၉-၂ဝ၁၅

မြန်မာနိုင်ငံမှ ဝယ်ယူထားသည့် RBE အဲကွန်း ရထားတွဲများနှင့် ဂျပန်နိုင်ငံ အစိုးရမှ ပေးပို့ လှူဒါန်းသော RBE အဲကွန်းရထား ၂၃ တွဲသည် ယမန်နေ့ နံနက် ၁ဝ နာရီ ၄၅ မိနစ်က ရန်ကုန်မြို့ အပြည်ပြည် ဆိုင်ရာ သီလဝါဆိပ်ကမ်း သို့ ထပ်မံ ရောက်ရှိသည်။

ရောက်ရှိလာသော RBE အဲကွန်းရထား ၂၃ တွဲကို ရန်ကုန်မြို့ပတ် လမ်းပိုင်းတွင် ပြေးဆွဲနေသော အဲကွန်း အအေးဓာတ် အားနည်းချက် ရှိသည့် RBE အဲကွန်းရထား များတွင် အစားထိုး ပြေးဆွဲသွားမည် ဖြစ်ပြီး အခြားလမ်းပိုင်း များတွင်လည်း ပြေးဆွဲသွားရန် စီစဉ် ထားကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

သြဂုတ် ၂ဝ ရက် နံနက်ပိုင်းက ရောက်ရှိခဲ့သည့် RBE အဲကွန်းရထား ခြောက်တွဲကို တွဲဆိုင်း ပြုလုပ်ကာ ရန်ကုန်- နေပြည်တော် အမြန်ရထား ပြေးဆွဲမှု လမ်းပိုင်း၌ အစားထိုး ပြေးဆွဲရန်နှင့် တွဲဆိုင်းသစ် တစ်ဆိုင်းဖြင့် ထပ်မံ ပြေးဆွဲရန် မြန်မာ့မီးရထားမှ အကောင်အထည် ဖော်ဆောင်ရွက် သွားမည် ဖြစ်သည်။

RBE ရထားများကို ပျဉ်းမနား- တောင်တွင်းကြီး- ပုဂံ လမ်းပိုင်းနှင့် ပျဉ်းမနား- ဆတ်သွား- ပြည် လမ်းပိုင်းတွင်လည်း လက်ရှိပြေးဆွဲ နေပြီး လိုအပ်လျှင် အစားထိုး လဲလှယ်ရန် စီစဉ် ထားကြောင်း၊ ရန်ကုန်- တောင်ငူ၊ တောင်ငူ- ရမည်းသင်း၊ ရမည်းသင်း- မန္တလေး လမ်းပိုင်းများ အဆင့်မြှင့်တင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်- မန္တလေး လမ်းပိုင်းဖြစ်သော ရွာသာယာကြီး နှင့် လေးထောင့်ကန် ဘူတာကြားရှိ ကျန်စစ်သားဂိတ် ၌ ခေတ်မီဂိတ်စနစ် တပ်ဆင် ဆောင်ရွက်လျက် ရှိပြီး ပြေးဆွဲမှု အမြန်နှုန်း စမ်းသပ်ရန် အတွက် အောက်တိုဘာ ၁၄ ရက်နှင့် ၁၆ ရက်ကြားတွင် RBE ရထားဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၁ဝဝ နှုန်း အမြန် ပြေးဆွဲရန် စမ်းသပ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မောင်မျိုး (ဧရာဝတီ)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger