www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 7, 2015

အဆင့်မြင့် ခွဲစိတ်ခန်း ၁၀ ခန်းပါ Modular Operation Theatre ပြင်ဆင်မှုပြီးစီး


ရန်ကုန် ၊ ၇-၈-၂၀၁၅

လေထု သန့်စင်စနစ် ပါဝင်သော အဆင့်မြင့် ခွဲစိတ်ခန်း ၁ဝ ခန်းပါ Modular Operation Theatre ပြင်ဆင် ထားရှိမှုသည် ရာနှုန်းပြည့် နီးပါးပြီးစီး နေပြီဖြစ်ကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဌာနမှ သိရသည်။

Modular Operation Theatre မှာ ဆရာဝန်ကြီးများ၏ ရုံးခန်း၊ ဘွဲ့လွန် ဘွဲ့ကြို သင်တန်းသား များ၏ စာသင်ခန်း များနှင့် လူနာခန်းများ ပါဝင်မည် ဖြစ်သည်။ အဆိုပါ Modular Operation Theatre ကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တိုးချဲ့ငါးထပ် အဆောက်အအုံ ဖြစ်သော Operation Theatre Complex ၏ ငါးလွှာတွင် ဖွင့်လှစ် သွားမည် ဖြစ်သည်။

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသည် ခုတင် ၁၅ဝဝ ဆံ့ ဆေးရုံ ဖြစ်သော်လည်း ဆေးရုံတက် လူနာမှာ နေ့စဉ် ၁၆ဝဝ နီးပါးရှိသော ကြောင့် လူနာ ကျပ်တည်းမှုကို ဖြေလျှော့ပေး နိုင်ရန် ရည်ရွယ်၍ Operation Theatre Complex ကို ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ယခု ဘဏ္ဍာနှစ်တွင် နိုင်ငံတော် အစိုးရမှ ကျန်းမာရေး ဘတ်ဂျက်ကို တိုးမြှင့် ချထားပေး ခဲ့သောကြောင့် အဆောက် အအုံသစ်များ ဆောက်လုပ် နိုင်ခြင်း ဖြစ်ကြောင်း၊ ယင်းကဲ့သို့ တိုးချဲ့ ဆောက်လုပ် ထားသော အဆောက်အအုံ တွင် လူနာများ အနေဖြင့် စနစ်တကျ သန့်ရှင်းစွာ နေထိုင်ရန် လိုအပ်ကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၏ အဆောက်အအုံ ဟောင်းဖြစ်သော အရေးပေါ် နှင့် ပြင်ပလူနာ ဌာနတွင် နေ့စဉ် လာရောက် ပြသသည့် လူနာမှာ ၃ဝဝ နှင့် ၄ဝဝ ကြားရှိပြီး တိုးချဲ့ဆောင် အောက်ဆုံးထပ် တွင် ဖွင့်လှစ် ထားသည့် အထူးကု ပြင်ပလူနာ ဌာနတွင် လာရောက် ပြသသည့် လူနာဦးရေမှာ ၁ဝဝဝ ကျော်နီးပါးခန့် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadyaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger