www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 10, 2015

ရေဘေးသင့်ဒေသတချို့ ရှိမြွေကိုက်ခံရသည့် လူနာများအတွက် ဆေးဝါးနှင့် စက်ကိရိယာများကို ပံ့ပိုးပေးသွားမည်


ရန်ကုန် ၊ ၁ဝ-၈-၂ဝ၁၅

ရေဘေးသင့် ဒေသများတွင် မြွေအန္တရာယ် ကြုံတွေ့ ရနိုင်သဖြင့် သြစတြေးလျ နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ မြွေကိုက်ခံရသည့် လူနာများ အတွက် လိုအပ်သော နည်းပညာ၊ ဆေးဝါးနှင့် စက်ကိရိယာ များကို နှစ်နှစ်တာ ပံ့ပိုး ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ အစီအစဉ်အရ မန္တလေးတိုင်း ဒေသကြီးအတွင်း မြွေအပေါဆုံး မြို့နယ်များ အဖြစ် သတ်မှတ်ထားသော ကျောက်ဆည် မြို့နယ် နှင့် မတ္တရာ မြို့နယ်တို့ရှိ အိမ်ခြေသုံးထောင် ခန့်ကို သြဂုတ် ၇ ရက်မှစတင်၍ မြွေကိုက်လူနာ ပြုစုနည်း၊ မြွေမကိုက်အောင် နေထိုင်နည်း စနစ်များ၊ မြွေဆိပ်ဖြေဆေး သုံးစွဲနည်းနှင့် သိုလှောင်နည်း များကို သင်ကြား ပေးမည် ဖြစ်သည်။

သြစတြေးလျ နိုင်ငံမှ မြန်မာနိုင်ငံသို့ မြွေဆိပ်ဖြေဆေး ကိုယ်တိုင်ကိုယ်ကျ ထုတ်လုပ်နိုင်ရေး ကူညီပေးမည့် အစီအစဉ် အပြင် မြွေဆိပ်ဖြေဆေး ကို ကျေးလက် ကျန်းမာရေးဌာန၊ မြို့နယ် ကျန်းမာရေး ဌာနနှင့် ဆေးရုံကြီး များတွင် သိုလှောင် ထားရှိနိုင် ရန် ဆိုလာပြားနှင့် အအေးခန်းများ ကိုပါ ပံ့ပိုး ကူညီမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျောက်ဆည် မြို့နယ်နှင့် မတ္တရာ မြို့နယ်တို့ရှိ အိမ်ခြေ ၁၅ဝဝ စီကိုစတင် ပညာပေး သွားမည်ဖြစ်ပြီး ဆင့်ပွား သင်တန်းများကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကာ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ
လက်မှတ်ရေးထိုး ပြီးသွားသည်နှင့် တစ်ပြိုင်နက် တစ်နိုင်ငံလုံးတွင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။(၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၁)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger