www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 6, 2015

ရေဘေးသင့်ပြည်သူများ အတွက် မန္တလေးပန်းချီပညာရှင် များ၏ အလှူငွေရှာဖွေမှု တစ်ရက်တည်းတွင် သိန်း ၃၀ ကျော်ရရှိ



မန္တလေး ၊ ၆-၈-၂၀၁၅

ရေဘေးသင့် ဒေသများရှိ ပြည်သူများကို ကူညီပံ့ပိုးမှု ပြုလုပ်နိုင်ရန် အတွက် မန္တလေး ပန်းချီပညာရှင် များက မန္တလေးမြို့ ကျုံးပတ်လည် တစ်လျှောက်တွင် ပန်းချီဆွဲ၍ အလှူငွေ ရှာဖွေခဲ့ရာ စတင် ပြုလုပ်သည့် သြဂုတ်လ ၃ ရက် တစ်ရက်တည်းတွင် အလှူငွေ ကျပ်သန်း ၃၀ ကျော် ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ အနုပညာရှင်များ ဖြစ်ကြသော ပန်းချီ ၊ ကာတွန်း ၊ ကဗျာ စသည့် ပညာရှင်များ ကလည်း မိမိတို့ တတ်သည့် ပညာဖြင့် အလှူငွေများ ရှာဖွေ၍ ပံ့ပိုးကယီ လှူဒါန်းလျက် ရှိရာ ပန်းချီ ပညာရှင် ၂၅ ဦး ပါဝင်သော အဖွဲ့မှ ၇ လက်မနှင့် ၁၀ လက်မအရွယ် ပန်းချီကား တစ်ချပ်လျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ရေးဆွဲ၍ အလှူငွေ ရှာဖွေပေးလျက် ရှိကြောင်း ပန်းချီဆရာကြီး ဦးခင်မောင်စန်း က ပြောပြသည်။

" မန္တလေးမြို့ခံ ပန်းချီဆရာ တွေ အများစု ပါဝင်ပြီး စစ်ကိုင်းနဲ့ ပြင်ဦးလွင် က ပန်းချီဆရာ တွေလဲ လာရောက် ပူးပေါင်း ဆောင်ရွက် ကြတာပါ ၊ ကျွန်တော်တို့ အဖွဲ့ကို ငွေသား သီးသန့် လှူဒါန်းထား တာကငွေကျပ် ၁၅ သိန်းလောက် ရှိပါပြီ ၊ ပန်းချီဆွဲပြီး ရောင်းချလို့ ရတဲ့ငွေက တစ်ရက်တည်းကိုပဲ ငွေကျပ် သိန်း ၃၀ ကျော် ရထားပါတယ် ... " ဟု ပန်းချီဆရာ ကိုသီဟကျော် က ပြောပြသည်။

မန္တလေးမြို့ ပန်းချီ ပညာရှင်များ အဖွဲ့သည် သြဂုတ် ၁၅ ရက်မှ ၁၇ ရက်ထိ မန္တလေးတောင်ခြေ ပန်းချီပြခန်းတွင် ပန်းချီကားများ ပြသ ရောင်းချကာ အလှူငွေများ ဆက်လက် ရှာဖွေသွားမည် ဖြစ်ကြောင်း နှင့် ရရှိသော အလှူငွေ များကို ရေဘေးသင့် ဒေသများသို့ ရွေးချယ် သွားရောက် လှူဒါန်းပေးမည် ဖြစ်ကြောင်း သိရသည်။ (၀၁၂)

ရတနာပုံနေ့စဉ် ၊ စာ(၅)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger