www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 5, 2015

ကုန်ဈေးနှုန်းနှင့် အသားငါးဈေးနှုန်းများ မြင့်တက်လာခြင်း မရှိစေရန် အထူးစီမံချက်များ ချမှတ်၍ ထိန်းချုပ်မည်


ရန်ကုန် ၊ ၅-၈-၂ဝ၁၅

မြန်မာနိုင်ငံတွင် ရေကြီးရေလျှံ မှုများဖြစ်ပေါ် နေသည်ကို စီးပွားရေး သမားများ၏ အခွင့်ကောင်းယူ မှုကြောင့် ကုန်ဈေးနှုန်း နှင့် အသားငါး ဈေးနှုန်းများ မြင့်တက်လာခြင်း မရှိစေရန် အထူး စီမံချက်များ ချမှတ် အကောင်
အထည်ဖော်၍ ထိန်းချုပ် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် နှင့် မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် မှ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များ၏ ပြောပြချက် အရ သိရသည်။

ယခုအခါ ပြည်တွင်းရှိ စားသုံးမှု ဈေးကွက်အတွင်း ရေချို မွေးမြူရေး ငါးများ အဝင် နည်းလာကာ ဈေးနှုန်းများ မြင့်တက် လာပြီး အသားတိုးကြက် ဈေးနှုန်း များလည်း ပိုမိုမြင့်တက် လာခြင်းကြောင့် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိ သူများက ဈေးနှုန်း ထိန်းချုပ်ရန် ကြိုတင် ပြင်ဆင်ခြင်း ဖြစ်ကြောင်း သိရသည်။

''အခု ဈေးကွက်ထဲမှာ အသားတိုးကြက် စားသုံးမှု ပမာဏက တော်တော်လေး မြင့်တက် လာတယ်။ ဒါကလည်း ဈေးကွက်ထဲကို ငါးအဝင် နည်းသွား တာလည်း ပါတာပေါ့။ စားသုံးသူ များပြီး ဈေးကွက်ထဲ ဖြန့်ချိနိုင်တဲ့ ပမာဏက နည်းတော့ ဈေးက တက်လာတာ ပါ။ အရင်တုန်းက ဒီလို ဈေးတက်ရင် အသားတိုးကြက် အသင်းက အခွန်လွတ်ဈေး တွေမှာ ကိုယ်တိုင်ဆင်းပြီး ဈေးသက်သက် သာသာနဲ့ ရောင်းချပေး တာမျိုးတွေ လုပ်ခဲ့တယ်။ အခုလည်း ဈေးတက်ရင် ဒီလိုလုပ်ပြီး ဈေးနှုန်း ထိန်းချုပ်ဖို့ စီစဉ်ထား ပါတယ်''ဟု မြန်မာ နိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းစိန် က ပြောသည်။

စားသုံးမှု ဈေးကွက် အတွင်းသို့ ရေချို မွေးမြူရေး ငါးများ အဝင်နည်း သွားခြင်းမှာ ရေချို မွေးမြူရေး ငါးကန်များ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်နေခြင်း များအပြင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လှိုင်းကြီးခြင်း တို့ဖြစ် ပေါ်နေခြင်းကြောင့် ငါး၊ ပုစွန် ဖမ်းဆီးသည့် ရေလုပ်ငန်းများ ခေတ္တရပ်နား ထားရသဖြင့် ငါးအဝင် နည်းရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးဟန်ထွန်း က ပြောသည်။

ထက်နေ

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger