www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 21, 2015

လှော်ကားဥယျာဉ် အနီးတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် အမေရိကန်ဒေါ်လာ ၁၆ သန်းကုန်ကျမည့် တန် ၆၀ အမှုထက်မီးရှို့စက် စက်တင်ဘာတွင် တည်ဆောက်မည်


ရန်ကုန် ၊ ၂၁-၇-၂၀၁၅

ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် လှော်ကား ဥယျာဉ်အနီး တောကျောင်း ကလေးတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် အမေရိကန် ဒေါ်လာ ၁၆ ဒသမ ၂ သန်း ကုန်ကျမည့် တန် ၆ဝ အမှိုက် မီးရှို့စက်ကို လာမည့် စက်တင်ဘာလတွင် စတင် တည်ဆောက် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနမှ လက်ထောက် ဌာနမှူး ဦးအောင်မြင့်မော် က ပြောသည်။

အဆိုပါ တန် ၆ဝ အမှိုက် မီးရှို့စက် တည်ဆောက်ရန် ဂျပန်နိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနတို့မှ သဘောတူညီမှု ရရှိထားပြီး ဂျပန်နိုင်ငံ ဘက်မှ အမေရိကန် ဒေါ်လာ ၈ ဒသမ ၂ သန်းနှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ အမေရိကန် ဒေါ်လာ ရှစ်သန်း အကုန်အကျ ခံမည် ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက အကုန်အကျခံ မယ့် ၈ သန်းမှာ ဒီနှစ်ကို ၁ ဒသမ ၄ သန်း သုံးမယ်။ နောက်နှစ်မှာ ၆ ဒသမ ၆ သန်း အသုံးပြု သွားပါမယ်။ အမှိုက်ကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ် သွားမှာပါ''ဟု ၄င်းက ဆက်လက် ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ ထားဝယ်ချောင် သုသာန် အနီးတွင် တန် ၆ဝဝ အမှိုက် မီးရှို့စက် လုပ်ငန်းဖြင့် လျှပ်စစ်စွမ်းအား ထုတ်လုပ်ရန် စီစဉ်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ လက်ထောက် ဌာနမှူး ဦးအောင်မြင့်မော် က ပြောသည်။

အဆိုပါ တန် ၆ဝဝ အမှိုက် မီးရှို့စက်မှ တစ်ရက်လျှင် လျှပ်စစ် ဓာတ်အား ၁၇ ဒသမ ၄ မဂ္ဂါဝပ်ပါဝါ ထွက်ရှိရန် ရည်ရွယ်ထားပြီး လျှပ်စစ်ဓာတ်အား များ၏ တစ်ယူနစ် တန်ဖိုးကို သတ်မှတ်ပေးရန် လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာနနှင့် Zeya and Associate ကုမ္ပဏီ လီမိတက် တို့ ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ခွင့်ပြုချက် ရရှိပြီးပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြ ရမည်ဖြစ်ပြီး ခွင့်ပြုပါက အသုံးပြုမည့် ပစ္စည်းများကို ပြည်ပမှ တင်သွင်း၍ တန် ၆ဝဝ အမှိုက် မီးရှို့စက် လုပ်ငန်းကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ ၂၁-၇-၂၀၁၅ ၊ စာ(၃)

နေနေ ၊ ဆုလာဘ်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger