www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 14, 2015

တောင်သမန်အင်းသို့ ငါးတက် ငါးဆင်းလမ်းများ ဖွင့်လှစ်ပေးရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေး အဓိကထား လုပ်ဆောင်သွားမည်



မန္တလေး ၊ ၁၄-၇-၂၀၁၅

လက်ရှိ အချိန်သည် ငါးမဖမ်းရ ရာသီ၊ ငါးသားပေါက်ချိန် ဖြစ်သောကြောင့် တောင်သမန်အင်း သို့ ငါးတက် ငါးဆင်းလမ်းများ ဖွင့်လှစ် ပေးရေးနှင့် လမ်းကြောင်း ရေစီးရေလာ ကောင်းမွန်ရေး တို့ကို အဓိကထား လုပ်ဆောင် သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

မေလ၊ ဇွန်လနှင့် ဇူလိုင်လ တို့သည် အင်းများ၌ ငါးမဖမ်းရ ရာသီဖြစ်ပြီး အင်းအခွန် ငွေ၏ ၅ ရာခိုင်နှုန်းကို ငါးသားပေါက်များ စိုက်ထည့် မွေးမြူခြင်းများ လုပ်ဆောင် နေကြောင်း၊ ရန်ကုန်- မန္တလေးလမ်း၊ ကျောက်စိမ်းဘုရား ပတ်ဝန်းကျင်တွင် ငါးတက် ငါးဆင်း လမ်းများသည် တိမ်ကော နေလျက် ရှိကြောင်း၊ တံတားဖြူ ရေကာတာကြီးမှ ရေကို အချိန်နှင့် တစ်ပြေးညီ အင်းထဲသို့ လွှတ်ပေးရန် လိုအပ် နေကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

တောင်သမန်အင်း တွင် ငါးတက် ငါးဆင်း လမ်းပေါက် ၁၁ ပေါက်ရှိပြီး ၄င်းအင်းတွင် တီလားဗီးယား ငါးသည် ၇ဝ ရာခိုင်နှုန်း ရှိကာ လက်ရှိတွင် တောင်သမန်အင်း ပတ်ဝန်းကျင် ကျေးရွာများမှ ငါးဖမ်းမှုများ ရှိနေသဖြင့် ၄င်းတို့ကို လိုက်လံ စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

တောင်သမန်အင်း တွင် ယခုနှစ် ဧပြီလ အတွင်းက ငါးအသေ အပျောက် များပြားခဲ့ပြီး ယခုအခါ မန္တလေး စည်ပင် သာယာရေး ကော်မတီ မှ တာဝန်ယူလျက် ရှိကာ ငါးမွေးနိုင်သော ဧကမှာ ၁ဝဝဝ ကျော်ခန့် ရှိနေ သေးကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger