www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 10, 2015

နိုင်ငံခြားခရီးသွား ဧည့်သည်များ မင်းကွန်းဒေသသို့ လာရောက်မှု များပြားလာခြင်းကြောင့် ရေယာဉ်များ ထပ်မံတိုးချဲ့ ပေးမည်



မန္တလေး ၊ ၁၀-၇-၂၀၁၅

မင်းကွန်း ဒေသသို့ နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက်မှု များပြား လာခြင်းကြောင့် မန္တလေး- မင်းကွန်း ပြေးဆွဲပေး နေသော ရေယာဉ်များကို တိုးချဲ့ ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း မန္တလေးမြို့ မရမ်းခြံ ဆိပ်ကမ်း ရှိ နိုင်ငံခြား ခရီးသွား သယ်ယူ ပို့ဆောင်ရေး ရေယာဉ်အသင်းမှ ဥက္ကဋ္ဌ ဦးသက်ထွန်း ၏ ပြောကြားချက် အရ သိရသည်။

နိုင်ငံခြား ခရီးသွား ဧည့်သည်များ အနေဖြင့် မန္တလေးမြို့ မရမ်းခြံ ဆိပ်ကမ်းမှ တစ်ဆင့် ဧရာဝတီမြစ် ကိုဖြတ်၍ မင်းကွန်းသို့ သွားရောက် လေ့လာမှုသည် တစ်နှစ်ထက် တစ်နှစ် တိုးတက် များပြားခဲ့သည်။ ထို့ကြောင့် ရေယာဉ်များ တိုးချဲ့ပြေးဆွဲ ပေးသွားရန် စီစဉ်ရခြင်း ဖြစ်ပြီး လက်ရှိ မိုးရာသီ ကာလသည် နိုင်ငံခြား ခရီးသွား ဧည့်သည် လာရောက်မှု နည်းသော ကာလ ဖြစ်သော်လည်း တစ်ရက်လျှင် ဦးရေ ၂ဝ ခန့် အဝင်အထွက် ရှိနေကြောင်း နှင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်မှု များသော ရက်များတွင် တစ်ရက်လျှင် ဦးရေ ၅ဝဝ ခန့်အထိ ရှိနေရာ ရေယာဉ် မလုံလောက် ကြောင်း သိရသည်။

ယခုလာမည့် ခရီးသွား ရာသီတွင် နိုင်ငံခြား ခရီးသွား ဧည့်သည် အများအပြား လာရောက် မည်ဟု ခန့်မှန်း ထားခြင်းကြောင့် ရေယာဉ် အစီးရေ ၁၅ စင်းခန့် တိုးချဲ့ပြေးဆွဲ ပေးသွားမည် ဖြစ်သည်။ နိုင်ငံခြား ခရီးသွား ဧည့်သည် များကို သယ်ပို့သည့် ရေယာဉ်များ အနေဖြင့် မန္တလေး - မင်းကွန်း ခရီးစဉ်သို့ အဓိကထား ပို့ဆောင် ပေးခြင်းဖြစ်ပြီး မန္တလေး -ဗန်းမော်၊ မန္တလေး- ပုဂံနှင့် မန္တလေး -ပြည် ခရီးစဉ်များ ကိုလည်း စင်းလုံးငှား အနေဖြင့် လိုက်ပါ ပို့ဆောင်ပေး နေကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ခရီးသွားရာသီ အတွင်းတွင် မရမ်းခြံ ဆိပ်ကမ်းမှ တစ်ဆင့် မင်းကွန်းသို့ ရေကြောင်း ခရီးဖြင့် သွားရောက် လည်ပတ်သည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ များပြားခဲ့သည့် အပြင် ဧရာဝတီ လင်းပိုင်ကြည့် ခရီးစဉ်များ အတွက် လိုက်ပါ ပို့ဆောင်ပေး ရမှုသည်လည်း သိသာစွာ တိုးတက် ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မန္တလေးမြို့ မရမ်းခြံ ဆိပ်ကမ်းတွင် နိုင်ငံခြား ခရီးသွား သယ်ယူ ပို့ဆောင်ရေး ရေယာဉ် အသင်းဝင် နိုင်ငံခြား ခရီးသွား ဧည့်သည် သယ်ယူ ပို့ဆောင်ရေး ရေယာဉ် ၄၂ စင်းရှိရာ ခရီးသွား အဝင်များသော အချိန်များ တွင် လက်ရှိ အစင်းရေဖြင့် တစ်နေ့ နှစ်ကြိမ်မှ သုံးကြိမ် ပို့ဆောင်ပေး ရသည့်အတွက် ရေယာဉ်များ တိုးချဲ့ ပြေးဆွဲနိုင်ရန် သက်ဆိုင်ရာ ဌာနများ၌ လုပ်ငန်း လိုင်စင်များကို လျှောက်သွားမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger