www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 14, 2015

မူလတန်းအတွက် နေ့စားလပေး ခန့်ထားခြင်းကို ဇူလိုင်လကုန်တွင် အပြီး ဆောင်ရွက်မည်


ရန်ကုန် ၊ ၁၄-၇-၂၀၁၅

အခြေခံပညာ ကျောင်းများတွင် မူလတန်းပြ လိုအပ်ချက် ဖြည့်ဆည်း နိုင်ရန် နေ့စားလပေး ခန့်ထားခြင်းကို ဇူလိုင်လကုန် တွင် အပြီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပညာရေး  ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ မူလတန်းပြ ဖြည့်ဆည်း ခန့်ထားရေးကို တိုင်းဒေသကြီး နှင့် ပြည်နယ် အစီအစဉ်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပြီး အလုပ်ခွင်ကြို မူလတန်းပြ ဆရာ အတတ်သင် ပညာ သင်တန်းဆင်း (PPTT) များကို ခန့်ထားရန်၊ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်မှ မူလတန်း ဆရာအဖြစ် သင်တန်းဆင်း များကို ခန့်ထားရန်၊ ဝေးလံ ခက်ခဲသော ကျေးလက် ဒေသရှိ ဆရာလိုအပ် နေသော ကျောင်းများတွင် တက္ကသိုလ် ဝင်တန်း အောင်မြင်သူ များကို နေ့စားလပေး မူလတန်းပြ အဖြစ် ခန့်ထားရန် ဆွေးနွေးခဲ့သည်။

ထို့အပြင် အခြေခံပညာ ကဏ္ဍတွင် အထက်တန်းပြ ၈၅၇၉ ဦးနှင့် အလယ်တန်းပြ ၂၄ဝ၈၂ ဦး လိုအပ်လျက် ရှိပြီး ဆရာ လိုအပ်ချက်များ ကို ဖြည့်ဆည်း ပေးနိုင်ရန် အထက်တန်းပြ နှင့် အလယ်တန်းပြ များခန့် အပ် ရာတွင် သတ်မှတ် ထားသည့် ခန့်အပ်ရေးမူ များအတိုင်း ဆောင်ရွက် သွားမည် ဖြစ်သည်။ အခြေခံပညာ ကျောင်းများတွင် မူလတန်းပြ လိုအပ်ချက် မှာလည်း ၂၇၄၇၁ ဦးရှိပြီး ယင်း လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန်လည်း စီစဉ် ဆောင်ရွက်နေခြင်း ဖြစ်သည်။ မူလတန်းပြ များကို နေ့စားလပေး အဖြစ် ဖြည့်ဆည်းခြင်း နှင့်ပတ်သက်၍ သင်ကြားမှု အရည်အသွေး ပိုင်းဆိုင်ရာ လိုအပ်ချက်များ မဖြစ်ပေါ် စေရေး အတွက်လည်း စိစစ်ကာ အရည်အသွေး ပြည့်မီအောင် ဆောင်ရွက် သွားမည် ဖြစ်သည်။

၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် တွင် စုစုပေါင်း မူလတန်းပြ ဦးရေ ၁၁၅ဝဝဝ ဦးရှိပြီး နေ့စားမှ အတည်ပြု ခန့်အပ် ထားသူဦးရေ ၂၇၆၈၂ ဦးဖြစ်ကာ နေ့စားမှ အတည်ပြု ခန့်ထားသူ ဦးရေ ပါဝင်မှု ရာခိုင်နှုန်း ၂၄ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။ ပညာရေး ဝန်ကြီးဌာန၏ မူလတန်းပြ အင်အားတွင် နေ့စား ဝင်ရောက်မှု အခြေအနေ ခန့်မှန်း တွက်ချက်မှုအရ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် တွင် စုစုပေါင်း မူလတန်းပြ ဦးရေ ၁၂၆ဝဝဝ ဦးရှိပြီး နေ့စားမှ အတည်ပြု ခန့်ထားသူ ဦးရေ ၇ဝ၆၈၂ ဦးဖြစ်ကာ ၅၆ ရာခိုင်နှုန်း ရှိနိုင်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger