www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 20, 2015

မွေးမြူရေးထွက်ကုန် အသားထုတ်လုပ်မှု စရိတ်ကြီးမြင့် နေခြင်းကို ထိန်းချုပ်နိုင်မှ အသားဈေးနှုန်းများ ကျဆင်းမည်



ရန်ကုန် ၊ ၂၀-၇-၂၀၁၅

ပြည်တွင်းရှိ အသား ထုတ်လုပ်မှု လုပ်ငန်းများတွင် အသားထွက် ပစ္စည်းများ၏ ထုတ်လုပ်မှု ကုန်ကျစရိတ် ကြီးမြင့် နေမှုများကို ထိန်းချုပ်နိုင်ခြင်း မရှိ၍ ပြည်တွင်းရှိ အသား ဈေးနှုန်းများ ကြီးမြင့်နေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် အကြံပေး ပညာရှင် ဒေါက်တာ သန်းလှ ၏ ပြောကြားချက် အရ သိရသည်။

အသား ထုတ်လုပ်မှု ပိုင်းတွင် ထုတ်လုပ်မှု ကုန်ကျစရိတ် များကြီးမြင့် နေရခြင်း၏ အဓိက အကြောင်း အရင်းမှာ မွေးမြူရေး တိရစ္ဆာန် အစာများ ဈေးနှုန်းများ ကြီးမြင့်ခြင်း နှင့် လိုင်စင်စီ ဈေးနှုန်းမြင့် နေခြင်းကြောင့် ဖြစ်ပြီး အရည်အသွေးမြင့် အသား ထုတ်နိုင်သည့် မွေးမြူရေး တိရစ္ဆာန်မျိုး များကို ပြည်တွင်းတွင် သားဖောက် ထုတ်လုပ်နိုင်ခြင်း မရှိဘဲ ပြည်ပမှ တင်သွင်း မွေးမြူ နေရခြင်း ကြောင့်လည်း ဖြစ်သည်။

ယခုနှစ် ဧပြီလမှစ၍ အသား ဈေးနှုန်းများ မြင့်တက် လာခဲ့ရာ ယခုအခါ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ကြက်သား ဈေးနှုန်းများမှာ လွန်ခဲ့သော လေးလခန့်မှ ဈေးနှုန်း များနှင့် နှိုင်းယှဉ်ကြည့် ပါက တစ်ပိဿာလျှင် ငွေကျပ် ၁၅ဝဝ ကျော်အထိ မြင့်တက်နေပြီး တာဝန်ရှိ သူများက အသားဈေးနှုန်း များကို အမြန်ဆုံး ထိန်းချုပ် နိုင်ရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

ထက်နေ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger