www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 8, 2015

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှ မြန်မာနိုင်ငံ၌ လင်ဇီးမှို လာရောက်စိုက်ပျိုးရန် စီစဉ်



ရန်ကုန် ၊ ၈-၆-၂ဝ၁၅

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် မှ မြန်မာနိုင်ငံ ၌ လင်ဇီးမှို လာရောက် စိုက်ပျိုး၍ ဆေးဝါး ထုတ်လုပ်ရန် မြေနေရာ တောင်းခံ ထားကြောင်း မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် မှ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးသက် ၏ ပြောကြားချက် အရ သိရသည်။

၎င်းတို့သည် မြန်မာနိုင်ငံ၌ စိုက်ပျိုးရေး လုပ်ငန်းများ လာရောက် လုပ်ကိုင်နိုင်ရန် မျှော်မှန်းထားပြီး ဆွေးနွေး ညှိနှိုင်းမှုများ အောင်မြင်စွာ ပြီးဆုံးသွား ပါက စတင် အကောင် အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ စိုက်ပျိုးရေး ပညာရှင်များ နှင့် လုပ်ငန်းရှင် များအား ၄င်းတို့ နိုင်ငံ၌ စိုက်ပျိုး နည်းပညာ များကို လာရောက် လေ့လာ စေလိုပြီး နည်းပညာ များနှင့် ဘဏ္ဍာရေး ဆိုင်ရာ လိုအပ်ချက် များကို ကူညီပံ့ပိုး ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

''စီချွမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံဟာ လယ်ယာ စိုက်ပျိုးရေးမှာ ဖွံ့ဖြိုးတိုးတက် တာချင်းတူတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံကို လာပြီး စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ချင်ပါတယ်။ စီချွမ် ပြည်နယ်မှာ စိုက်ပျိုးရေး နည်းပညာတွေ လာပြီး လေ့လာဖို့ ဖိတ်ခေါ်ချင် ပါတယ်'' ဟု တရုတ်နိုင်ငံ စီချွမ်ပြည်နယ် စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက်မှု ဌာနမှ Mr. Zhu Jun က ပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ တို့မှ တာဝန်ရှိ သူများသည် အဆိုပါကိစ္စ အတွက် ဆွေးနွေးလျက် ရှိပြီး လင်ဇီးမှို စိုက်ပျိုးမည့် ကုမ္ပဏီက မြေဧရိယာ ၃ဝ စတုရန်း ကီလိုမီတာ တောင်းခံထားရာ မြန်မာ နိုင်ငံမှ တာဝန်ရှိ သူများက ခွင့်ပြုပြီး အခွင့်အလမ်းများ ဖန်တီးပေးပါက လာရောက်မည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှု အများဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေး လုပ်ငန်းတွင် အဓိကထားကာ ရင်းနှီးမြှုပ်နှံ လိုကြောင်း သိရသည်။

မင်းမင်း

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger