www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 8, 2015

စိုက်ပျိုးရေးအခြေခံ ထုတ်ကုန်များကို တန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်မှု အလေးပေးရန် လိုအပ်



ရန်ကုန် ၊ ၈-၆-၂၀၁၅

မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အဓိကနိုင်ငံ ဖြစ်ခြင်းကြောင့် အခြေခံ စိုက်ပျိုး ထုတ်လုပ်သူများ အကျိုး ဖြစ်ထွန်းနိုင် စေရန်နှင့် စိုက်ပျိုးရေး အခြေခံ ထုတ်ကုန်များကို နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ရောင်းချ နိုင်သည့် တန်ဖိုးမြင့် စားသုံးကုန် ထုတ်လုပ်မှုကို အလေးပေး လုပ်ကိုင်နိုင်ရန် လိုအပ်ကြောင်း စီးပွားရေး လုပ်ငန်းရှင် များက သုံးသပ်သည်။

အခြေခံလုပ်သား များနှင့် အခြေခံ စားသုံးသူများ တိုက်ရိုက် အကျိုးပြု နိုင်သည့် ယင်းလုပ်ငန်းကို မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများ က ဦးစားပေး လုပ်ကိုင်ရမည် ဖြစ်ပြီး နိုင်ငံအတွင်းရှိ သီးနှံ ထုတ်လုပ်နိုင်သော သယံဇာတ များကို တန်ဖိုးမြင့် ထုတ်ကုန် (Value Added) အဖြစ် ထုတ်လုပ်နိုင်မည် ဆိုပါက အကျိုးအမြတ် များနိုင်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင် က ပြောသည်။

မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းကို စိုက်ပျိုးရေး ထွက်ကုန်များ တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ဖွဲ့စည်း တည်ထောင် ထားပြီး စားသောက်ကုန် ထုတ်လုပ်မှု လုပ်ငန်းရှင် များကို ကုန်ထုတ် လုပ်ငန်းများ တိုးတက် လာစေရန် အသင်းမှ တစ်ဆင့် အကြံဉာဏ်နှင့် အကူအညီများ ပေးလျက်ရှိကာ အာဆီယံ ဒေသတွင်းနှင့် ပြည်ပနိုင်ငံ များမှ အခြေခံ စားသောက်ကုန် ထုတ်လုပ်ရေး လုပ်ငန်းများတွင် လာရောက် ရင်းနှီးမြှုပ်နှံသူ များကိုလည်း ချိတ်ဆက် ဆောင်ရွက် ပေးမှုများ ရှိကြောင်း သိရသည်။

''အဓိကကျတဲ့ စားသောက်ကုန် ထုတ်လုပ်ရေး လုပ်ငန်းတွေ လုပ်ကိုင်နိုင်စွမ်း မြှင့်တင်ဖို့ အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲတွေ စဉ်ဆက်မပြတ် ဆောင်ရွက် သွားရမှာ ဖြစ်သလို ကောင်းမွန်တဲ့ စားသောက်ကုန် ထုတ်လုပ်မှု ကျင့်စဉ်တွေကို ထုတ်လုပ်နိုင်ဖို့ ပညာရှင်တွေနဲ့ ညှိနှိုင်းပြီးတော့ အရည်အသွေး စံချိန်စံညွှန်း အဆင့်မီတဲ့ စားသောက်ကုန်တွေ ထုတ်လုပ်တင်ပို့ ရောင်းချ သွားမယ်'' ဟု အဆိုပါ အသင်း ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က ပြောသည်။

အလားတူ ထုတ်လုပ်ထားသည့် စိုက်ပျိုးရေးထွက် စားသောက်ကုန် များကို နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်တင်ပို့ နိုင်ရန် ပြည်ပကုန်စည် ပြပွဲများတွင် ဝင်ရောက် ပြသ၍ ဈေးကွက်ချဲ့ထွင် နိုင်ရန်လည်း ချိတ်ဆက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြည်တွင်းသို့ ဝင်ရောက် လာသည့် စားသောက်ကုန် များနှင့် ဈေးကွက်ယှဉ်ပြိုင် ရောင်းချနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အေဒီမိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger