www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 10, 2015

ရွာငံဒေသသို့ အဓိကဦးတည်၍ ခရီးသွားအစီအစဉ်များ ရေးဆွဲလာခြင်းကို ပြည်တွင်းခရီးသွားများ အထူးစိတ်ဝင်စားလာ


ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ရွာငံဒေသ ၏ သဘာဝအလှရှုခင်း

ရန်ကုန် ၊ ၁၀-၆-၂၀၁၅

ပြည်တွင်းပြည်ပ ခရီးသွား ကုမ္ပဏီများ အနေဖြင့် ပြည်တွင်း ဘုရားဖူး နှင့် အပန်းဖြေ ခရီးစဉ်များကို ရေးဆွဲရာတွင် ရွာငံဒေသကို အဓိက ဦးတည်၍ ခရီးစဉ်များကို ရေးဆွဲလာ ခြင်းကြောင့် ခရီးသွား ပြည်သူများ အနေဖြင့် ပိုမို စိတ်ဝင်စားကာ သွားရောက် လည်ပတ်သူ များပြား လာကြောင်း ပြည်တွင်း ခရီးသွား ကုမ္ပဏီများမှ သိရသည်။

မိုးရာသီသို့ ရောက်ရှိလာပြီ ဖြစ်၍ ပြည်တွင်း ခရီးသွား ကုမ္ပဏီများ အနေဖြင့် လုပ်ငန်း ရပ်နားခြင်းနှင့် လုပ်ငန်း လျှော့ချသည့် ရာသီချိန် ဖြစ်သော်လည်း ယခုနှစ်တွင် ခရီးသွား ကုမ္ပဏီများမှ လုပ်ငန်း ရပ်နားခြင်းကို မပြုဘဲ ခရီးသွား ပြည်သူများ အရောက် အပေါက် နည်းပါးသည့် ဒေသများနှင့် သဘာဝ ရှုခင်းများ လှပသည့် ဒေသများသို့ အဓိက ဦးတည်၍ ခရီးစဉ်သစ် များကို ရေးဆွဲလာခြင်း ဖြစ်ကြောင်း သိရသည်။

ခရီးသွား ကုမ္ပဏီများ အနေဖြင့် မိုးရာသီ အထူး ဝန်ဆောင်မှု ခရီးစဉ်များကို ရေးဆွဲရာတွင် နေရာဒေသ တစ်ခုတည်းကို ဦးတည်၍ ရက်တို ခရီးစဉ်များကို မရေးဆွဲ တော့ဘဲ နေရာ ဒေသ သုံး လေးခုကို ပေါင်းစည်းပြီး ရက်ရှည် ခရီးစဉ်များ အဖြစ် ပို့ဆောင် စီစဉ်ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံဒေသ (ပုံ) သို့ ဦးတည်၍ ခရီးစဉ်များကို ရေးဆွဲရာတွင် ရွာငံ၊ ကလော၊ တောင်ကြီး ခရီးစဉ်၊ မန္တလေး၊ ရွာငံ၊ တောင်ကြီး ခရီးစဉ် နှင့် ရွာငံသီးသန့် ခရီးစဉ်အဖြစ် ရေးဆွဲလာကြပြီး ရွာငံ၊ တောင်ကြီး၊ ကလော ခရီးစဉ်မှာ ခရီးသွား ပြည်သူများ ကြိုက်နှစ်သက်မှု အရှိဆုံးနှင့် သွားရောက် လည်ပတ်မှု အများဆုံး ခရီးစဉ် ဖြစ်ကြောင်း သိရသည်။

''ဒီအချိန် ရွာငံမှာက အရမ်းကို အေးနေပြီ။ ပြီးတော့ ရွာငံကို သွားရောက် လည်ပတ်တဲ့ ခရီးသွား တွေက အရမ်းနည်း နေတယ်။ အဲဒီအတွက် သွားရောက် လည်ပတ်တဲ့ သူတွေ များလာအောင် စီစဉ်ရတာပါ။ ဒီအချိန်ဆိုရင် အဲဒီဘက် တွေမှာ ရှုခင်းတွေက သိပ်ကိုလှတယ်။ လည်ပတ်စရာ နေရာတွေလည်း များတယ်။ ဘုရားဖူး သွားချင်တဲ့ သူတွေလည်း အဆင်ပြေမှာပါ။ အပန်းဖြေခရီး သွားချင်တဲ့ သူတွေ အတွက်လည်း အဆင်ပြေမှာပါ'' ဟု ရွက်နုဝေ ပြည်တွင်း ခရီးသွား လုပ်ငန်းမှ ဒါရိုက်တာ ဒေါ်ခင်မျိုးမမ က သုံးသပ် ပြောသည်။

ထက်နေ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger