www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 11, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံမှ ဆားဗီးယားနိုင်ငံသို့ ဆက်လက်ထွက်ခွာ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များ ဆားဗီးယားနိုင်ငံ ၊ ဘဲလ်ဂရိတ်မြို့ Nikola Tesla လေဆိပ်သို့ ရောက်ရှိစဉ် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြစဉ်

နေပြည်တော် ၊ ၁၁-၅-၂၀၁၅

ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ သို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မေ ၉ ရက် ဒေသ စံတော်ချိန် ည ၉ နာရီ ၂၅ မိနစ်တွင် အစ္စလာမာဘတ်မြို့ မှ လေကြောင်း ခရီးဖြင့် ထွက်ခွာကြရာ ပါကစ္စတန် တပ်မတော်မှ Maj.Gen. Ihsan Ullah ၊ Brig.Gen.Rehan နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ပါကစ္စတန် စစ်သံမှူး Col. Azhar Yasin ၊ ပါကစ္စတန် နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းနိုင်၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဆန်းဦးလှိုင် နှင့် တာဝန်ရှိ သူများက လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက် ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင် များသည် ဆားဗီးယားနိုင်ငံ ကာကွယ်ရေး ဝန်ကြီး H.E.Mr. Bratislav Gasic ၏ ဖိတ်ကြားချက် အရ မေ ၁ဝ ရက် ဒေသ စံတော်ချိန် နံနက် ၆ နာရီ (မြန်မာ စံတော်ချိန် ၁ဝ နာရီခွဲ) တွင် ဆားဗီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ Nikola Tesla လေဆိပ်သို့ ရောက်ရှိကြရာ ဆားဗီးယား နိုင်ငံမှ ကာကွယ်ရေး ဝန်ကြီးဌာန၊ှState Secretary H.E.Mr. Zoran Dordevic ၊ Brig.Gen.S. Joksimovic ၊ ဆားဗီးယားနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဇော်ထွန်း နှင့် ဇနီး၊ သံမှူးကြီး ဦးအောင်ကျော်မိုး အပါအဝင် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက် ကြသည်။

ဆားဗီးယားနိုင်ငံ ခရီးစဉ်တွင် ဆားဗီးယား အစိုးရအဖွဲ့မှ တာဝန်ရှိ သူများ ၊ ဆားဗီးယား တပ်မတော် မှ တာဝန်ရှိ သူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရေး တိုးမြှင့် ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ ၊ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger