www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 18, 2015

လာမည့် ပညာသင်နှစ်တွင် ကျောင်းပြင်ပ မူလတန်း ပညာရေး အသင်ကြားမှု အစီအစဉ်ကို မြို့နယ် ခြောက်မြို့နယ် ၌ ထပ်မံတိုးချဲ့ ဆောင်ရွက်မည်


ကျောင်းပြင်ပ မူလတန်း ပညာရေး အခြေစိုက် စခန်းတစ်ခုကို တွေ့ရစဉ်

ရန်ကုန် ၊ ၁၈-၅-၂၀၁၅

လာမည့် ၂ဝ၁၅-၂ဝ၁၆ ပညာသင် နှစ်တွင် ကျောင်းပြင်ပ မူလတန်း ပညာရေး သင်ကြားမှု အစီအစဉ် များကို မြို့နယ် ခြောက်မြို့နယ် ၌ ထပ်မံတိုးချဲ့ အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကျောင်းပြင်ပ မူလတန်း ပညာရေး ဗဟိုကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ပညာသင်နှစ် အထိ နိုင်ငံတစ်ဝန်း ရှိ မြို့နယ်ပေါင်း ၈၉ မြို့နယ်၌ ကျောင်းပြင်ပ မူလတန်း ပညာရေး အခြေစိုက် စခန်းများ ဖွင့်လှစ် သင်ကြားခဲ့ပြီး လာမည့် ပညာသင် နှစ်တွင် အဆိုပါ ၈၉ မြို့နယ် အပါအဝင် နောက်ထပ် မြို့နယ် ခြောက်မြို့နယ် ၌လည်း ကျောင်းပြင်ပ မူလတန်း ပညာရေး သင်ကြားမှု အစီအစဉ်များ တိုးချဲ့ ဆောင်ရွက်ရန် စီစဉ် ထားခြင်း ဖြစ်သည်။

ကျောင်းပြင်ပ မူလတန်း ပညာရေး အခြေစိုက် စခန်းများ တိုးချဲ့ အကောင် အထည်ဖော် ဆောင်ရွက်မည့် မြို့နယ်များမှာ ကယားပြည်နယ် နှင့် ချင်းပြည်နယ် ရှိ မြို့နယ်များ ဖြစ်သည်။

မိသားစု စားဝတ်နေရေး အခက်အခဲ ကြောင့် ကျောင်းနေချင် သော်လည်း ကျောင်းမတက် နိုင်သော ကလေးငယ်များ၊ တခြား ကလေးများ၊ ကျောင်းတက် နေချိန်တွင် အလုပ်လုပ် နေရသဖြင့် ကျောင်းမတက် နိုင်သော ကလေးသူငယ် များအတွက် ပညာရေး အထောက်အပံ့ ပေးနိုင်စေရန် ရည်ရွယ်ချက် ဖြင့် အဆိုပါ ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်ကို နိုင်ငံတစ်ဝန်း လုံး၌ လုပ်ဆောင် နေခြင်းဖြစ်ပြီး မူလတန်း ပြီးနောက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း အဆင့်များသို့ ဆက်လက် တက်လှမ်းကာ ပညာရေး ခရီးလမ်း ဆက်နိုင်စေရန် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျောင်းပြင်ပ မူလတန်း ပညာရေး သင်ကြားမှု အစီအစဉ် များကို ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ နေပြည်တော်၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီး စသည့် ဒေသတို့၌ အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ အဆိုပါ တိုင်းဒေသကြီး နှင့် ပြည်နယ် တို့ရှိ မြို့နယ် ၈၉ မြို့နယ်၌ ကျောင်းပြင်ပ မူလတန်း ပညာရေး အခြေစိုက် စခန်းပေါင်း ၅၆ဝ ကျော် ဖွင့်လှစ်ကာ ဆရာ၊ ဆရာမ ၁၁၃၃ ဦးတို့က ကျောင်းသား၊ ကျောင်းသူပေါင်း ၁၂ဝဝဝ နီးပါးကို ပညာ သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger