www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 8, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ သမ္မတအား ဂါရ၀ပြုတွေ့ဆုံ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ သမ္မတ H.E. Mr.Mamnoon Hussain အား တွေ့ဆုံစဉ်

နေပြည်တော် ၊ ၈-၅-၂၀၁၅

ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေ ၇ ရက် ဒေသ စံတော်ချိန် ၁၂၄၀ နာရီတွင် ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ ၊ သမ္မတရုံးသို့ သွားရောက်၍ သမ္မတ H.E. Mr.Mamnoon Hussain အား ဂါရ၀ပြု တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဝင်းနိုင်၊ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့များ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဆန်းဦးလှိုင် တို့ တက်ရောက်ကြပြီး ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ သမ္မတနှင့်အတူ ပါကစ္စတန် ကာကွယ်ရေး ၀န်ကြီးဌာနမှ ကာကွယ်ရေး အတွင်းဝန် Lt.Gem (Rt) A Lam Khattak နှင့် သမ္မတနှင့် သမ္မတ၏ စစ်ဘက် အတွင်းဝန် ဖြစ်သူ Brg.Gen Shahid တို့ တက်ရောက် ကြသည်။

တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သမ္မတမှ ပါကစ္စတန် သမ္မတ အား နှုတ်ခွန်းဆက်သ ပါသည်ဟု အမှာစကား ပါးလိုက်ပါကြောင်း၊ ယခုခရီးစဉ် သည် တပ်မတော် အကြီးအကဲ တစ်ဦး၏ ပထမဆုံး ချစ်ကြည်ရေး ခရီးစဉ် ဖြစ်သဖြင့် မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက် သကဲ့သို့ သမိုင်းမှတ်တိုင် တစ်ခုကိုလည်း စိုက်ထူနိုင်ခဲ့ ကြောင်း၊ မိမိတို့ နိုင်ငံသည် မိတ်ဆွေ အရင်းအခြာ ကဲ့သို့ ချစ်ကြည် ရင်းနှီးမှု ရှိခဲ့ကြောင်း၊ နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်း သည်လည်း တူညီမှုများ ရှိကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်နိုင်မည့် ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက် လိုပါကြောင်း တပ်မတော် အချင်းချင်း ချစ်ကြည်ရေး အတွက်  အလွှာ အသီးသီးမှ ခေါင်းဆောင်များအား အပြန်အလှန် စေလွှတ်လို ပါကြောင်း၊ ပက်ရှ်ဝါ တပ်မတော် အထက်တန်းကျောင်း အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်အပေါ် ၀မ်းနည်း ပါကြောင်းနှင့် စာနာ ထောက်ထား ပါကြောင်း၊  ပါကစ္စတန် နိုင်ငံ၏ ဒေသတွင်း အရေးပါမှုကိုလည်း နားလည် သဘောပေါက်ကြောင်း၊ မိမိတို့ နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒမှာ နိုင်ငံ အချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးပင် ဖြစ်ကြောင်း၊ လက်ရှိကာလတွင် ပါတီစုံ ဒီမိုကရေစီ စနစ်ဖြင့် လျှောက်လှမ်း နေသည့် ကာလဖြစ်ပြီး ပြည်သူများက ရွေးချယ်သည့် လမ်းကြောင်း ဖြစ်သဖြင့် မိမိတို့ တပ်မတော် အနေဖြင့် အခိုင်အမာ ရပ်တည် ထောက်ခံ ပေးသွားမည် ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ကိုလည်း လွတ်လပ်၍ တရားမျှတမှု ရှိစေရန် အတွက် အစိုးရ အပေါ် အပြည့်အ၀ ထောက်ခံကူညီ ပေးသွားမည် ဖြစ်ကြာင်းဖြင့် ဆွေးနွေး ပြောကြားသည်။

ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ သမ္မတက ယခုခရီးစဉ်သည် ချစ်ကြည်ရေးကို တိုးမြှင့် ပေးနိုင်သည့် ခရီးစဉ် ဖြစ်ကြောင်း၊ ၁၉၇၁ ခုနှစ်မှ မိမိနိုင်ငံ အခက်အခဲ ဖြစ်စဉ်တွင် မြန်မာနိုင်ငံ က အကူအညီ ပေးသည်ကို ကျေးဇူးတင်ရှိ ကြောင်း၊ အာဆီယံ ဥက္ကဌ တာဝန်နှင့် အစည်းအဝေး များအား အောင်မြင်စွာ ထမ်းဆောင်နိုင်မှု အပေါ် ဂုဏ်ယူ ပါကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှု ကိစ္စများသည် အနာဂတ်တွင် ဆက်လက် တိုးတက် လာမည်ဟု ယုံကြည် ပါကြောင်း၊ အခြား စီးပွားရေး ကိစ္စများလည်း ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေးနွေး ပြောကြားသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ သမ္မတတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ပြီး အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger