www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 8, 2015

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပါကစ္စတန် တပ်မတော် ကြည်းတပ်ဦးစီးချုပ်အား သွားရောက်တွေ့ဆုံ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ပါကစ္စတန် တပ်မတော် ကြည်းတပ် ဦးစီးချုပ် General Raheel Sharif တို့ တွေ့ဆုံဆွေးနွေးစဉ်

နေပြည်တော် ၊ ၈-၅-၂၀၁၅

ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မေ ၇ ရက် ဒေသစံတော်ချိန် ၁၁၃၀ နာရီတွင် ပါကစ္စတန် တပ်မတော် ကြည်းတပ် ဦးစီးချုပ်ရုံးသို့ သွားရောက်၍ ကြည်းတပ် ဦးစီးချုပ် General Raheel Sharif နှင့် တွေ့ဆုံ ဆွေးနွေးသည်။

တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပါကစ္စတန်- မြန်မာ ဆက်ဆံရေးကို အလေးထား ပါကြောင်း၊ ပါကစ္စတန်နိုင်ငံ၏ တန်ပြန် အကြမ်းဖက်မှု တိုက်ဖျက်ရေး အတွေ့အကြုံနှင့် မိမိတို့နိုင်ငံ၏ ပြည်တွင်း သောင်းကျန်းမှု အတွေ့အကြုံ နှစ်ရပ် ပူးပေါင်း ဖလှယ်နိုင်ပါက နှစ်နိုင်ငံစလုံး အတွက် အကျိုးများမည် ဖြစ်ကြောင်း ပက်ရှ်ဝါ တပ်မတော် အထက်တန်းကျောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့် ပတ်သတ်၍ မိမိအနေနှင့် သော်လည်ကောင်း ၊ မြန်မာ တပ်မတော် အနေနှင့် သော်လည်ကောင်း အထူး စိတ်မကောင်း ဖြစ်မိသည်ဟု ပြောကြား လိုပါကြောင်း ပြောကြားခဲ့ပြီး ဒေသတွင်းနှင့် နှစ်နိုင်ငံတွင်း အခြေအနေများအား ဆွေးနွေးသည်။

ပါကစ္စတန် တပ်မတော် ကြည်းတပ် ဦးစီးချုပ်က လေ့ကျင့်ရေးပိုင်း ဆိုင်ရာများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်လိုကြောင်း၊ မြန်မာ တပ်မတော်၏ အတွေ့အကြုံများကို ဖလှယ်ရယူ လိုကြောင်းနှင့် ပါကစ္စတန် နိုင်ငံအနေဖြင့် အကြမ်းဖက် အဖွဲ့အစည်းများ၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ဖြေရှင်း နေမှု အတွေ့အကြုံ များအား ပြန်လည် ဆွေးနွေး ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့များ တက်ရောက်ကြပြီး ပါကစ္စတန် တပ်မတော်မှ ပါကစ္စတန် တပ်မတော် ပူးတွဲ စစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဌရုံးမှ Lt. Gen.Najib Ullah Khan,HI(M) ၊ Brig. Gen.Anas Asad ၊ Senior Liasion Officer ဖြစ်သူ Brig.Gen Rehan ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ပါကစ္စတန် စစ်သံမှူး Col.Azhar Yasin တို့ တက်ရောက် ကြကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger