www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 11, 2015

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်းရှိ ကျေးရွာများ၌ ငါးကောင်ရေ တစ်သောင်းခန့် စိုက်ထည့် ပေးသွားမည်





မန္တလေး ၊ ၁၁-၅-၂၀၁၅

ဧရာဝတီမြစ် အတွင်းရှိ ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း ရေလုပ်သားများ ရှိသော ကျေးရွာများ၌ ငါးကောင်ရေ တစ်သောင်းခန့် စိုက်ထည့် ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

လက်ရှိအချိန်တွင် သဘာဝငါး များမှာ ရှားပါးလာပြီ ဖြစ်သဖြင့် ငါးများကို ဖမ်းရုံတင် မကဘဲ ထိန်းသိမ်း ရန်လည်း လိုအပ်ကြောင်း သိရှိစေရန် ပညာပေး အစီအစဉ် တစ်ရပ် အနေဖြင့် ငါးမြစ်ချင်း အကောင်ရေ တစ်သောင်းခန့်ကို စိုက်ထည့် ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာ အတွင်းရှိ မြစ်ကမ်းကြီး၊ မြေစွန်း၊ စိန်ပန်း ကုန်းရွာများ၌ ပိုက်ဖြင့် ငါးမွေးမြူရေး လုပ်ငန်းများ ရှိပြီး မြေစွန်း ကျေးရွာမှ မွေးမြူထားသည့် ငါးများနှင့်အတူ ငါးမြစ်ချင်း အကောင်ရေ တစ်သောင်းခန့်ကို မေလ ဒုတိယပတ်တွင် စိုက်ထည့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဧရိယာ အတွင်းရှိ ရွာလေးရွာ ဖြစ်သော မြေစွန်း၊ စိန်ပန်းကုန်း၊ ဆည်တည်၊ မြစ်ကမ်းကြီးရွာ တို့ကို ရေလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန် နှင့် ငါးဖမ်းသည့် ရေလုပ်သား များ အဆင်ပြေ စေရန် တစ်ရွာလျှင် ငွေကျပ် သိန်း ၃ဝဝ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် သိန်း ၁၂ဝဝ ပံ့ပိုး ပေးသွားမည် ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger