www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 24, 2015

ယခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ပေါ်ဆန်းမွှေးဆန် တင်ပို့ ရောင်းချမည်



ရန်ကုန် ၊ ၂၄-၄-၂ဝ၁၅

မြန်မာနိုင်ငံ ဆန်စပါး အသင်းသည် ယခုနှစ်အတွင်း အမေရိကန် နိုင်ငံသို့ ပေါ်ဆန်းမွှေး ဆန်ကို တင်ပို့ရောင်းချ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်း မှ ဒေါက်တာ စိုးထွန်း ၏ ပြောပြချက် အရ သိရသည်။

''အမေရိကန် နိုင်ငံက ၂ဝ၁၄ ခုနှစ်မှာ ပထမဆုံးအကြိမ် အနေနဲ့ မြန်မာနိုင်ငံက ပေါ်ဆန်းမွှေးဆန် တွေကို ဝယ်ယူခဲ့တယ်။ မြန်မာနိုင်ငံ ဆန်စပါး အသင်းက ၂ဝ၁၄ ခုနှစ်မှာ အမေရိကန် နိုင်ငံကို ပေါ်ဆန်းမွှေး ဆန်တန်ချိန် ၂၅ဝဝ တင်ပို့နိုင်ခဲ့ ပါတယ်။ မြန်မာနိုင်ငံ ဆန်စပါးအသင်း အနေနဲ့ အမေရိကန် နိုင်ငံကို ရေရှည် ဝယ်ယူမယ့် ဖောက်သည်တစ်ဦး အနေအထား ဖြစ်အောင် ဆွဲဆောင်ပြီး ရောင်းချ သွားမှာပါ'' ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းသည် ယခုနှစ် တွင်လည်း အမေရိကန် နိုင်ငံသို့ ပေါ်ဆန်းမွှေး ဆန်တန်ချိန် ၃ဝဝဝ တင်ပို့ ရောင်းချသွားရန် စီစဉ်ထားပြီး ထို့အပြင် ဥရောပနိုင်ငံ များသို့ ဧည့်မထဆန် များကို တင်ပို့ရောင်းချ နိုင်ရန် စီစဉ် ထားကြောင်း သိရသည်။

ပေါ်ဆန်းမွှေး ဆန်များကို တင်ပို့ ရောင်းချရာတွင် အမေရိကန် နိုင်ငံရှိ ဆန်ဖရန်စစ္စကိုမြို့ နှင့် နယူးယောက်မြို့ တို့သို့ ရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။ အမေရိကန် နိုင်ငံသည် ဆန်ဝယ်ယူသည့် နေရာတွင် ထိုင်းနိုင်ငံမှ ထွက်သည့် Jasmine ဆန်ကို အဓိက ဝယ်ယူခြင်း ဖြစ်ပြီး ၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ ပေါ်ဆန်းမွှေး ဆန်ကို စတင်ဝယ်ယူ ခဲ့သည်။ အမေရိကန်နိုင်ငံ ၌ ဂျုံကိုသာ စားသုံးကြပြီး ပေါ်ဆန်းမွှေးဆန် ကို ၄င်းနိုင်ငံ၌ နေထိုင်သည့် အာရှတိုက် သားများ အတွက် ဝယ်ယူခြင်း ဖြစ်ကြောင်း သိရသည်။

သီရိ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger