www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 10, 2015

ရန်ကုန်စတော့အိပ်ချိန်း ICT System တည်ဆောက်ရန် တင်ဒါစတင်ခေါ်ယူ


ရန်ကုန် ၊ ၁၀-၃-၂၀၁၅

ရန်ကုန် စတော့အိတ်ချိန်း ဖြစ်ပေါ် လာစေရေး အတွက် လိုအပ်သည့် ICT System တည်ဆောက်ရန် မတ် ၅ ရက်မှ တင်ဒါ စတင်ခေါ်ယူ ခဲ့ပြီး မတ် ၂၆ ရက်တွင် တင်ဒါ ပိတ်သိမ်းမည် ဖြစ်ကြောင်း ရန်ကုန် စတော့အိတ်ချိန်းဖက်စပ် ကုမ္ပဏီမှ သိရသည်။

မြန်မာနိုင်ငံ၌ စတော့ဈေးကွက် မကြာမီ စတင်မည် ဖြစ်ရာ လိုအပ်သည့် ICT စနစ်များ တည်ဆောက်ရန် နှင့် ပြုပြင် ထိန်းသိမ်းရန် အတွက် သတင်း အချက်အလက် နှင့် ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ များထံမှ
အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန် စတော့အိတ်ချိန်း ပေါ်ပေါက် လာရေးအတွက် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၊ တိုကျို စတော့အိတ်ချိန်း နှင့် ဒိုင်ဝါ လုပ်ငန်းစု တို့သည် နားလည်မှု သဘောတူ စာချုပ် ချုပ်ဆိုထားပြီး အိုင်တီ နည်းပညာ ပိုင်းနှင့် စတော့ ရှယ်ယာ ရောင်းဝယ်ရေး လုပ်ထုံး လုပ်နည်း၊ နည်းဥပဒေ များကို တိုကျို စတော့အိတ်ချိန်း မှ ကူညီထောက်ပံ့ ပေးမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ လက်ရှိ အချိန်တွင် အများပိုင် ကုမ္ပဏီ အရေအတွက် ၁၅ဝ နီးပါး ရှိနေပြီး အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD Bank)၊ ရိုးမကုမ္ပဏီခွဲ ဖြစ်သော မြန်မာ့ပထမ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ (FMI) နှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က တည်ထောင် ထားသော မြန်မာ့လယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း (MAPCO) ကုမ္ပဏီ များသာ စတော့ ဈေးကွက်သို့ ဝင်ရောက် နိုင်ရန် လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။

အဆိုပါ ဈေးကွက် စတင်နိုင်ရန် မြန်မာနိုင်ငံ ငွေကြေး သက်သေခံ လက်မှတ် ကြီးကြပ် အုပ်ချုပ်ရေး ကော်မရှင် Security Exchange Commission of Myanmar ( SECOM ) အဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်သော်လည်း ရွေးချယ်မည့် အချက်အလက် များကို ထုတ်ပြန်ခြင်း မရှိသေးကြောင်း၊ ယင်း အချက်အလက် များကို ယခု နှစ်လယ်မှသာ ထုတ်ပြန် သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်စတော့ အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီဖြစ်ရန် အများပိုင် ကုမ္ပဏီ ရှယ်ယာများကို အများပြည်သူ ဝယ်ယူနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်ရမည် ဖြစ်ပြီး ယင်းအဆင့်ကို အများပြည်သူ သို့ ကနဦး ကမ်းလှမ်းမှု လုပ်ငန်းစဉ် ( Initial Public Offering- IPO ) အဖြစ် အချိန်ယူ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပညာရှင်များက သုံးသပ် ပြောကြားသည်။

အောက်တိုဘာလ တွင် စတင် တည်ထောင်မည့် စတော့အိတ်ချိန်း ဈေးကွက်တွင် အများပိုင် ကုမ္ပဏီများသာ ပါဝင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါတင်ဒါ နှင့် ပတ်သက်၍ ရန်ကုန် စတော့အိတ်ချိန်း ဖက်စပ် ကုမ္ပဏီ (ယာယီရုံးခန်း) အမှတ်(၂၁၊ ၂၅) ဆူးလေ ဘုရားလမ်း မြန်မာ့ စီးပွားရေးဘဏ် အဆောက်အအုံ (ပထမထပ်) ပန်းဘဲတန်း မြို့နယ် ရန်ကုန်တိုင်း ဒေသကြီးသို့ ဆက်သွယ်ရမည် ဖြစ်ကြောင်း သိရသည်။ (၄၄၈)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger