www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 10, 2015

ပွိုင့်- ၁၇၅၃ တောင်ကုန်းနှင့် အနီးပတ်ဝန်းကျင်ရှိ တောင်ကုန်းများတွင် တိုက်ပွဲများပြင်းထန်စွာ ဆက်လက်ဖြစ်ပွား



နေပြည်တော် ၊ ၁ဝ-၃-၂ဝ၁၅

လောက်ကိုင်- ချင်းရွှေဟော် ကားလမ်းအား ဒေသခံပြည်သူများ လုံခြုံစိတ်ချစွာ သွားလာ နိုင်စေရေး အတွက် အဆိုပါ ကားလမ်းအား မကြာခဏ နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသော ကိုးကန့် သောင်းကျန်းသူ အဖွဲ့များ ခြေကုပ်ယူ ထားသည့် လုံထန်ကျေးရွာ အနီး ကားလမ်း အရှေ့ဘက်ခြမ်း ရှိ ပွိုင့်- ၁၇၅၃ တောင်ကုန်းနှင့် အနီး ပတ်ဝန်းကျင် တောင်ကုန်း များအား တပ်မတော် စစ်ကြောင်းများ က မတ် ၇ ရက် မွန်းလွဲပိုင်း မှစတင်၍ တိုက်ခိုက် ချေမှုန်းလျက် ရှိသည်။

တပ်မတော် စစ်ကြောင်းများ၏ လေကြောင်း ပစ်ကူ၊ အမြောက်ပစ်ကူများ ရယူ၍ ရဲဝံ့စွန့်စားစွာ အဆင့်ဆင့် ခြေကုပ်ယူ ချီတက်ရှင်းလင်း တိုက်ခိုက်မှု ကြောင့် မတ် ၈ ရက် ညပိုင်းအထိ ကိုးကန့် သောင်းကျန်း သူအဖွဲ့များ နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားခဲ့ပြီး စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းအချို့ကို သိမ်းပိုက် ထိန်းချုပ် နိုင်ခဲ့သည်။

အထက်ပါ တိုက်ပွဲဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ ၊ စစ်သည် ခုနစ်ဦး တိုင်းပြည်အတွက် အသက်ပေးလှူ ခဲ့ကာ အရာရှိ၊ စစ်သည် ၅၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ဒဏ်ရာရ အရာရှိ၊ စစ်သည် များအား တပ်မတော် ဆေးရုံများသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။

ကိုးကန့် သောင်းကျန်းသူများ အနေဖြင့် လုံထန်ကျေးရွာ အနီးရှိ ပွိုင့်- ၁၇၅၃ တောင်ကုန်း အပါအဝင် ၄င်းမှ နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင်အမှတ် (၁၄၁)အတွင်း တောင်ကုန်းများတွင် အင်အားစုများ ဖြန့်ခွဲ၍ အခိုင်အမာ အခြေပြုကာ လောက်ကိုင်- ချင်းရွှေဟော် ကားလမ်းကြောင်း တစ်လျှောက် သွားလာလျက် ရှိသော ဒေသခံပြည်သူ များနှင့် တပ်မတော် ယာဉ်တန်း များအား မကြာခဏ နှောင့်ယှက် ပစ်ခတ် တိုက်ခိုက်မှုများ ဆောင်ရွက်လျက် ရှိပြီး ဖေဖော်ဝါရီလ အတွင်း စစ်ဘက်နှင့် မသက်ဆိုင်သော ကြက်ခြေနီအလံ လွှင့်ထူ၍ ကြက်ခြေနီ အဖွဲ့များ လိုက်ပါလာသည့် ယာဉ်တန်း၊ သတင်း မီဒီယာများ လိုက်ပါလာသည့် ယာဉ်တန်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများ လိုက်ပါလာသည့် ယာဉ်တန်းတို့ကို ပစ်ခတ် တိုက်ခိုက်ခဲ့ မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger