www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 10, 2015

တက္ကသိုလ်ဝင်စာမေးပွဲ ပထမအကြိမ် ဖြေဆိုမည့် ကျောင်းသားများကို ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုခွင့် ပြုမည်



ရန်ကုန် ၊ ၁ဝ-၃-၂ဝ၁၅

ယခင်က တက္ကသိုလ်ဝင် စာမေးပွဲ ကျရှုံးပြီး ဒုတိယအကြိမ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားများ ကိုသာ ပြင်ပဖြေ အဖြစ် ဖြေဆိုခွင့်ပြု ခဲ့ရာမှ ယခုအခါ နဝမတန်း အောင်မြင်ထားပြီး ပထမဆုံး အကြိမ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားများကို လာမည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ပြင်ပဖြေအဖြစ် ဝင်ရောက် ဖြေဆိုခွင့်ပြု လိုက်ကြောင်း သိရသည်။

တက္ကသိုလ်ဝင် စာမေးပွဲ ပြင်ပဖြေဆိုခွင့် လျှောက်လွှာများ တင်သွင်းခြင်းနှင့် ပတ်သက်၍ မြို့နယ် ပညာရေးမှူးများ လိုက်နာ ဆောင်ရွက်ရန် အချက်များကို မြန်မာနိုင်ငံ စာစစ်ဌာနမှ ညွှန်ကြားရာတွင် တက္ကသိုလ်ဝင် စာမေးပွဲ ပထမအကြိမ် ဖြေဆိုမည့် နဝမတန်း အောင်မြင်ပြီး သူများ၏ ဝင်ခွင့် လျှောက်လွှာများကို စိစစ်လက်ခံ ရမည်ဟု ဖော်ပြ ထားကြောင်း သိရသည်။

ယခင်နှစ် များက ပညာရေး ဝန်ကြီးဌာနသည် တက္ကသိုလ်ဝင် စာမေးပွဲ ကျရှုံးသူ ကျောင်းသားများ ကိုသာ ပြင်ပဖြေ အဖြစ် ဖြေဆို ခွင့်ပြုထား သောကြောင့် အစိုးရကျောင်း မတက်လိုသော နှစ်တက် ကျောင်းသားများသည် ကိုယ်ပိုင်ကျောင်း များသို့ ပြောင်းရွှေ့ကြ ရသည်။ 

တချို့ကျောင်းသား များသည် အစိုးရ ကျောင်းတွင် စာရင်း ပေးသွင်းပြီး ကျောင်းတက် ရောက်ခြင်း မရှိဘဲ ပြင်ပ ဘော်ဒါများတွင် စာသင်ကြား၍ တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက် ဖြေဆိုသော နည်းလမ်းကို အသုံးပြု နေကြကြောင်း သိရသည်။

ယခုကဲ့သို့ နဝမတန်း ဖြေဆို အောင်မြင် ထားသူများကို တက္ကသိုလ်ဝင် စာမေးပွဲ ပြင်ပဖြေအဖြစ် သတ်မှတ်ခွင့်ပြု လိုက်ခြင်းကြောင့် ပုဂ္ဂလိက ကျောင်းများ အနေဖြင့် အခွင့်အလမ်း ပိုမိုကောင်းမွန် သွားကြောင်း ပညာရေး အသိုင်းအဝိုင်း မှ သုံးသပ် ကြသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger