www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 20, 2015

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ညဈေးဖွင့်လှစ်ပါက အာဆီယံဒေသအတွင်း ဆွဲဆောင်မှု အရှိဆုံးညဈေးတစ်ခု ဖြစ်လာနိုင်


ဗန်ကောက်ရှိ အထင်ကရ ညဈေးတစ်ခု

ရန်ကုန် ၊ ၂၀-၃-၂၀၁၅

ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များကို ဆွဲဆောင်မည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ပထမဆုံး ညဈေး ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက် ရှိရာ ဖွင့်လှစ်နိုင် ပါက အာဆီယံ ဒေသအတွင်း ဆွဲဆောင်မှု အရှိဆုံး ညဈေးတစ်ခု ဖြစ်လာနိုင်ကြောင်း ခရီးသွား လုပ်ငန်းရှင် များ၏ သုံးသပ် ပြောကြားချက် အရ သိရသည်။

အာဆီယံ ဒေသတွင်း နိုင်ငံများအနက် မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့၌ ထင်ရှားသော ညဈေးများရှိပြီး နှစ်စဉ် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်ဦးရေ သောင်းနှင့်ချီ လာရောက် လည်ပတ် ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ ၌လည်း ထင်ရှားသော ဒေသတစ်ခု ဖြစ်သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် ညဈေး ဖွင့်လှစ်မည် ဆိုပါက ခရီးသွားလုပ်ငန်း များပါ ပိုမိုတိုးတက် လာနိုင် သောကြောင့် အဆိုပါ ညဈေးကို ဖော်ဆောင် သင့်ကြောင်း ခရီးသွား လုပ်ငန်းရှင် များက ပြောသည်။ လက်ရှိတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ညစာစားပွဲ များသာ ကျင်းပနိုင်ပြီး ညဈေးအဖြစ် ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ညဈေး ဖွင့်လှစ်နိုင်ပါက ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေထွက် ယဉ်ကျေးမှု အနုပညာများ၊ ဒေသထွက်ကုန်များ ကိုပါ ရောင်းချနိုင်မည် ဖြစ်သောကြောင့် ကမ္ဘာလှည့် ခရီးသွားများ အနေဖြင့် စိတ်ဝင်စား ကြမည်ဖြစ်ပြီး ဒေသခံ ပြည်သူများ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ တိုးလာမည် ဖြစ်သည်။ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ပုဂံညဈေးအား ဖွင့်လှစ်ခွင့်ပြု ပါက ယခုနှစ် သြဂုတ်လ မတိုင်မီ အကောင် အထည်ဖော် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger