www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 20, 2015

၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်အသီးသီး၏ ကိစ္စရပ်များကို ပါမောက္ခချုပ်များက တာဝန်ယူ ဆောင်ရွက်မည်


ရန်ကုန် ၊ ၂၀-၃-၂၀၁၅

မြန်မာနိုင်ငံ၌ တက္ကသိုလ် ကောလိပ်ပေါင်း ၁၆၉ ခုရှိပြီး လာမည့်ဘဏ္ဍာနှစ်နှင့် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် မှစ၍ တက္ကသိုလ် အသီးသီး၏ ကိစ္စရပ်များကို ပါမောက္ခချုပ် များက တာဝန်ယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်များအား လွတ်လပ်စွာ စီမံခန့်ခွဲခွင့် ပေးရန်နှင့် ဝန်ကြီးဌာန လက်အောက်ရှိ ကျောင်းများကို သီးခြားရပ်တည် နိုင်စေရန် ယခင် နှစ်ကုန်ပိုင်းမှ စ၍ ပြင်ဆင်ခဲ့ပြီး၂ဝ၁၅- ၂ဝ၁၆ ပညာသင်နှစ်တွင် တက္ကသိုလ်များ၏ စီမံခန့်ခွဲမှု များကို ပါမောက္ခချုပ် များကသာ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ တက္ကသိုလ် အသီးသီး၏ လွတ်လပ်စွာ စီမံခန့်ခွဲနိုင်မှု နှင့် အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန် တက္ကသိုလ် အရေးကိစ္စ ရပ်များကို ပါမောက္ခချုပ် များက တာဝန်ယူ ရမည်ဖြစ်ပြီး လာမည့် ဘဏ္ဍာနှစ်နှင့် ပညာသင်နှစ်တွင် ပြုပြင် ပြောင်းလဲရေးကို စတင်မည် ဖြစ်ပြီး နှစ်အလိုက် အဆင့်ဆင့် တိုးမြှင့် ဆောင်ရွက် နိုင်ရန်လည်း ဝန်ကြီးဌာနက ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာန မှ သိရသည်။

တက္ကသိုလ်များ လွတ်လပ်စွာ စီမံခန့်ခွဲ နိုင်ရေးနှင့် အသွင် ကူးပြောင်းရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် တက္ကသိုလ် အရေး ကိစ္စများကို ပါမောက္ခချုပ် များက တာဝန်ယူ ဆောင်ရွက်ပါက ဝန်ကြီးဌာနသည် တက္ကသိုလ်၏ ကိစ္စရပ်များကို ဝင်ရောက် ဆောင်ရွက်မည် မဟုတ်ဘဲ စီမံကိန်းနှင့် ဘဏ္ဍာရေး တို့ကိုသာ ပေါင်းစပ်ညှိနှိုင်း ပေးမည် ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger