www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 10, 2015

အပြည်ပြည်ဆိုင်ရာ ဆေးထိုးခွင့်လိုင်စင် မရှိဘဲ သစ်မွှေးပင်များကို ဆေးထိုး ၊ ဆေးသွင်းမည် ဆိုပါက တရားစွဲဆိုခံရနိုင်




မန္တလေး ၊ ၁၀-၃-၂၀၁၅

သစ်မွှေးပင် များကို ဆေးထိုး၊ ဆေးသွင်းမည် ဆိုပါက အပြည်ပြည်ဆိုင်ရာ ဆေးထိုးခွင့် လိုင်စင်ရှိရန် လိုအပ်ကြောင်း၊ လိုင်စင်မရှိဘဲ ဆေးသွင်းခြင်း ပြုလုပ်ပါက အပြည်ပြည်ဆိုင်ရာ ဥပဒေအရ တရားစွဲဆို နိုင်ကြောင်း သစ်မွှေး ဝါသနာရှင်များ အသင်း အတွင်းရေးမှူး ထံမှ သိရသည်။

သစ်မွှေးပင် ဆေးသွင်းခြင်း နည်းပညာ နှင့် အသုံးပြုသော ဆေးကို ကမ္ဘာပေါ်တွင် တစ်ဦးတည်းသော သစ်မွှေး ပညာရှင် အမေရိကန် နိုင်ငံ မင်နီဆိုးတား တက္ကသိုလ်မှ ဒေါက်တာ ဘရန်ချက် ၏ ခွင့်ပြုချက် ဖြင့်သာ ဆောင်ရွက် နိုင်ကြောင်း၊ ဒေါက်တာ ဘရန်ချက် နှင့် သဘော တူညီချက် ရရှိပြီးမှသာ တရားဝင် မှတ်ပုံတင် ထားသော ဆေးများနှင့် သစ်မွှေးပင် ဆေးသွင်းခြင်းကို ဆောင်ရွက်ခွင့် ရှိကြောင်း မန္တလေး တက္ကသိုလ် သတ္တဗေဒ ဌာနမှ ပါမောက္ခ ဒေါက်တာ ကလျာလူ က ပြောပြသည်။

''သစ်မွှေး စိုက်ပျိုးတဲ့ သူတွေ သိစေချင် ပါတယ်။ လက်ရှိ သစ်မွှေး ဆေးသွင်းနေတာ တွေကို အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ တရားစွဲဆို နိုင်ပါတယ်။ နောက်ပြီး တရားဝင် မှတ်ပုံတင် ပါတဲ့ဆေးက ကမ္ဘာမှာ တစ်ဦးတည်းသာ ရှိပါတယ်။ ဆေးသွင်း မှားယွင်းမှုကြောင့် သစ်မွှေး မျိုးရိုးတွေ ပျက်စီး နေပါတယ်။ ဒါကြောင့် စိုက်ပျိုးသူတွေ နစ်နာပါတယ် '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

လက်ရှိ မြန်မာနိုင်ငံ တွင် အစိုးရ အသိအမှတ်ပြု ထားသော ကချင်ပြည်နယ် သစ်မွှေး ဝါသနာရှင်များ အသင်း တစ်ခုသာ ၂ဝ၁ဝ ပြည့်နှစ် မတ် ၁၈ ရက်က နိုင်ငံတော် အစိုးရ၏ သဘောတူ ခွင့်ပြုချက် အရ အမေရိကန်နိုင်ငံ မင်နီဆိုးတား တက္ကသိုလ်မှ ကမ္ဘာ့သစ်မွှေး ပညာရှင် ဒေါက်တာ ဘရန်ချက် အဖွဲ့နှင့် ပူးပေါင်းပြီး သစ်မွှေး ဆေးသွင်းမှုကို ဆောင်ရွက်လျက် ရှိကြောင်း ဒေါက်တာ ကလျာလူ က ထပ်မံ ပြောပြသည်။

မြန်မာနိုင်ငံတွင် သစ်မွှေး ဆေးသွင်း လုပ်ငန်း ဆောင်ရွက်ပါက တရားဝင် မှတ်ပုံတင် ထားသော ဆေးများဖြစ်ရန် လိုအပ်ကြောင်း သစ်မွှေးပင် ဆေးထိုး၊ ဆေးသွင်း ပါက ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန သို့ ဆက်သွယ်၍ စနစ်တကျ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဆေးသွင်းသူများ အနေဖြင့် မိမိတို့ သဘော အလျောက် ဆေးသွင်းခြင်း ပြုလုပ်ပါက အပြည်ပြည်ဆိုင်ရာ ဥပဒေအရ တရားစွဲဆို နိုင်ကြောင်း သစ်မွှေး ဝါသနာရှင်များ အသင်းမှ သိရသည်။(၁၈ဝ)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger