www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 24, 2015

ပြည်တွင်းမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များ စောင့်ရှောက်ရေး အတွက် ဂျပန်အစိုးရမှ အမေရိကန်ဒေါ်လာ ၃ ဒသမ သန်း ပံ့ပိုးကူညီမည်


ရန်ကုန် ၊ ၂၄-၃-၂ဝ၁၅

မြန်မာနိုင်ငံ၌ ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးသူငယ် များအား စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အပံ့ ဖြစ်စေရန် ဂျပန်အစိုးရမှ မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) သို့ အမေရိကန် ဒေါ်လာ ၃ ဒသမ ၈ သန်း ပံ့ပိုးကူညီ သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဂျပန်နိုင်ငံ အစိုးရ အနေဖြင့် UNICEF အဖွဲ့အစည်းနှင့် ပူးပေါင်း ဆောင်ရွက် ခြင်းသည် မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော ကလေးငယ်များ အတွက် မူကြို၊ အခြေခံပညာ မူလတန်းနှင့် ကျောင်းပြင်ပ ပညာရေး လုပ်ငန်းများ၊ ကလေးသူငယ် များအား အကြမ်းဖက်မှု၊ လူကုန်ကူးမှုနှင့် အမြတ်ထုတ်မှု များမှ ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို ပိုမိုခိုင်မြဲ လာစေရန် အထောက်အပံ့ ဖြစ်စေနိုင်ပြီး မြန်မာနိုင်ငံ အတွင်းမှ ကလေးငယ်ပေါင်း များစွာ၏ ဘဝများလည်း ပိုမိုကောင်းမွန် လာနိုင်ကြောင်း UNICEF (မြန်မာ)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ပံ့ပိုးကူညီ ငွေဖြင့် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသတို့၌ နေထိုင်လျက် ရှိသော ကိုယ်ဝန်ဆောင် မိခင်များ နှင့် ကလေးသူငယ်များ ၏ ကျန်းမာရေး တိုးတက် ကောင်းမွန်စေရေး၊ အာဟာရ ဖွံ့ဖြိုးတိုးတက် စေရေး လုပ်ငန်းများ ကိုလည်း စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပြီး လက်ရှိတွင် UNICEF (မြန်မာ) အနေဖြင့် ပြည်တွင်းရှိ ကလေးငယ်များ အတွက် အရေးကြီးသော ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်သည့် သန့်ရှင်းသောရေ ရရှိနိုင်ရေး၊ မိလ္လာစနစ် ကောင်းမွန်ရေး လုပ်ငန်းများ အပြင် အဆုတ် အအေးမိ ရောဂါ၊ ဝမ်းပျက် ဝမ်းလျှော ရောဂါနှင့် တခြား ရောဂါများ အတွက် အသက် ကယ်ဆေးများ ဖြန့်ဖြူးပေးခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger