www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 24, 2015

မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက် ပြိုင်ပွဲ ၂၀၁၅ ပထမပွဲစဉ် နေပြည်တော်တွင် ကျင်းပမည်


နေပြည်တော် ၊ ၂၄-၃-၂၀၁၅

မြန်မာနိုင်ငံ ဂေါက်သီး အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ အဆင့်မြင့် ဂေါက်သီး ပညာရှင်များ အသင်း (Myanmar PGA) တို့မှ ကြီးမှူး၍ ဧရာဝတီဘဏ်မှ အဓိက ကူညီပံ့ပိုးမည် ဖြစ်သော မြန်မာ ပြည်တွင်းပတ်လည် ဂေါက်သီးရိုက် ပြိုင်ပွဲ ၂ဝ၁၅ ပထမ ပွဲစဉ်ကို ဧပြီ ၂ ရက်မှ ၅ ရက်အထိ နေပြည်တော်ရှိ Royal Myanmar Golf Club တွင် ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲတွင် ပရော်ဖက်ရှင်နယ် အဆင့်၊ အပျော်တမ်း အမျိုးသား ( Handicap 0-12 ) အဆင့်ရှိ သူများနှင့် အမျိုးသမီး ( Handicap 0-24 ) ပြိုင်ပွဲများ ဟူ၍ ပါဝင်ပြီး R & A ( Rules Limited St. Andrew ) ဂေါက်စည်းမျဉ်း အတိုင်းနှင့် ဒေသန္တရ စည်းမျဉ်းများ အတိုင်း ကျင်းပမည် ဖြစ်သည်။

ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အားကစားသမား များသည် မတ် ၃ဝ ရက် မွန်းတည့် ၁၂ နာရီ နောက်ဆုံးထား၍ ဖုန်း-ဝ၉- ၂ဝ၃၇၆၇၁၊ ဝ၉- ၂၅ဝ၁ ၆၈၂၈၅၊ ဝ၉- ၇၃၁၃ ဝ၄၇၄ နှင့် ပြိုင်ပွဲ ကျင်းပမည့် ရွိုင်ရယ်မြန်မာ ဂေါက်ကွင်းတို့တွင် အမည်စာရင်း ပေးသွင်းရမည် ဖြစ်သည်။ ပြိုင်ပွဲဝင် များအား ကြိုတင် လေ့ကျင့်မှုများ ပြုလုပ်နိုင်ရန် အတွက် Official Practice Round ကို မတ် ၃၁ ရက်နှင့် ဧပြီ ၁ ရက်တို့တွင် နေ့တစ်ဝက် ခွင့်ပြုထားမည် ဖြစ်သည်။

ပြိုင်ပွဲဝင်ကြေး နောက်ကျသော ကစားသမား များအား ပြိုင်ပွဲအတွဲ ဇယားတွင် ထည့်သွင်း ရေးဆွဲမည် မဟုတ်ပါသဖြင့် ပြိုင်ပွဲဝင်ကြေး ငွေကျပ် ၂ဝဝဝဝ အား မတ် ၃၁ ရက် နောက်ဆုံးထားကာ ပေးသွင်းရမည် ဖြစ်သည်။

သွားလာရေး အဆင်ပြေ စေရန်အတွက် ရန်ကုန်မြို့မှ နေပြည်တော်သို့ မတ် ၃ဝ ရက်တွင် ကားစီစဉ် ထားရှိပေးမည် ဖြစ်ပြီး လိုက်ပါလိုသော ပြိုင်ပွဲဝင် များသည် ရန်ကုန်မြို့ ကျောက်ရေတွင်း ရှိ မြန်မာ ဂေါက်သီးရိုက် လေ့ကျင့်ရေးကွင်း ( HAN Event Management ) သို့ ကြိုတင်စာရင်း ပေးသွင်းရမည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger