www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 20, 2015

ကွမ်းလုံရက်လေးဆယ် ဇာတ်လမ်း ထုတ်လွှင့်ပြသမည်



နေပြည်တော် ၊ ၂၀-၃-၂၀၁၅

နှစ်(၇ဝ) ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုသော အားဖြင့် တင်အောင်စိုး (ပန်းမြို့တော်) ၏ဝတ္ထုကို ထပ်ဆင့် အကယ်ဒမီ ငြိမ်းမင်း က ဇာတ်ညွှန်း ရေးဖွဲ့ကာ ထပ်ဆင့် အကယ်ဒမီ ဒါရိုက်တာ ပန်းချီစိုးမိုး ခြယ်မှုန်း ရိုက်ကူးသည့် ကွမ်းလုံရက်လေးဆယ် ရုပ်မြင်သံကြား ဇာတ်လမ်းအား MWD Channel နှင့် MWD Variety Channel တို့တွင် မတ်လ ၂၁ ရက်မှ ၂၇ ရက်ထိ ညစဉ် ထုတ်လွှင့်ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုဇာတ်လမ်း မှာ ၁၉၇၁ ခုနှစ်တွင် မြန်မာနိုင်ငံ အရှေ့မြောက် ဒေသ၌ ဖြစ်ပွားခဲ့သော ရက်ပေါင်း လေးဆယ်ကြာ ကွမ်းလုံ တိုက်ပွဲကြီး၏ ဖြစ်ရပ်မှန်များကို အခြေခံကာ ရေးဖွဲ့ ရိုက်ကူးထားခြင်း ဖြစ်သည်။

နိုင်ငံတော်၏ အချုပ်အခြာကို ထိပါး ကျူးကျော်လာသည့် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) များအား ဒေသခံ ပြည်သူလူထု၊ တိုင်းရင်းသား ကာကွယ်ရေး တပ်ဖွဲ့များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့က တပ်မတော် (ကြည်း၊ လေ) နှင့် လက်ရုံးဝန်ထမ်း တပ်ဖွဲ့များနှင့် အတူ လက်တွဲ၍ စုပေါင်း ကာကွယ် တိုက်ခိုက်ခဲ့ ကြပုံများကို ယင်း ဇာတ်လမ်းတွင် အပိုင်း ခုနစ်ပိုင်းဖြင့် ကြည့်ရှုခံစား နိုင်မည် ဖြစ်သည်။

ကွမ်းလုံရက်လေးဆယ် ဇာတ်လမ်းတွင် ဝါရင့် သရုပ်ဆောင်တို့နှင့် အတူ သရုပ်ဆောင် အင်အား ၁ဝဝဝ ကျော် ပါဝင် သရုပ်ဆောင် ထားကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger