www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 23, 2015

မြန်မာ့စာတိုက်လုပ်ငန်းတွင် ဧပြီ ၁ ရက်မှစတင်၍ လက်ဆောင်နှင့် ပန်းစည်းများ ပေးပို့နိုင်သည့် ၀န်ဆောင်မှု ဆောက်ရွက်ပေးမည်


ရန်ကုန် ၊ ၂၃-၂-၂၀၁၅

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း လက်အောက်ရှိ စာတိုက် လုပ်ငန်းကို ဧပြီ ၁ ရက်မှစ၍ မြန်မာ့စာတိုက် လုပ်ငန်းအဖြစ် သီးသန့် လုပ်ကိုင်မည် ဖြစ်ပြီး စာတိုက်လုပ်ငန်း အရည်အသွေး မြှင့်တင်မည် ဖြစ်ကာ ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ဝန်ဆောင်မှု လုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။

မြန်မာ့စာတိုက် လုပ်ငန်းသည် ယခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ် ၁၇ မြို့တွင် စာတိုက်များ အကြား ချောရောက်ရှိချိန် ထုတ်ပြန် ကြေညာခြင်း၊ နေ့ချင်းရောက် စာဝေစနစ်ကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး တို့၌ မြို့တွင်း ဝန်ဆောင်မှု ပေးခြင်း၊ အချိန်နှင့် တစ်ပြေးညီ ဝန်ဆောင်မှု ပေးခြင်းတို့ကို အကောင် အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပြီး မွေးနေ့ လက်ဆောင်၊ ချစ်သူအတွက် လက်ဆောင်၊ ပန်းစည်းများ ပို့နိုင်သည့် ဝန်ဆောင်မှု များလည်း ပါဝင်လာမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ထို့အပြင် မြန်မာ့စာတိုက် လုပ်ငန်း အမည်ဖြင့် ပြောင်းလဲကာ တစ်လအတွင်း တရားဝင် ဝက်ဘ်ဆိုက် လွှင့်တင်မည် ဖြစ်ပြီး စာတိုက် အမှတ်နံပါတ်များ၊ ပစ္စည်း အမျိုးမျိုးနှင့် နေရာဒေသ အမျိုးမျိုး အတွက် သတ်မှတ် ကောက်ခံမှု နှုန်းထားများ စသည့် အချက်အလက် များကို အချိန်နှင့် တစ်ပြေးညီ တင်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဧပြီ ၁ ရက်မှစတင်၍ ဆက်သွယ်ရေး၊ သတင်း အချက်အလက် နှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်တွင် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ၊ မြန်မာ့စာတိုက် လုပ်ငန်း မှ သတင်းအချက် လုံခြုံရေးဌာန တို့ သီးခြားစီ ရပ်တည်မည် ဖြစ်သည်။

မြန်မာ တစ်နိုင်ငံလုံး၌ စာတိုက်ပေါင်း ၁၃၈၄ တိုက်ရှိပြီး ဝန်ထမ်းပေါင်း ငါးထောင်ကျော်ဖြင့် လုပ်ငန်း လည်ပတ်လျက် ရှိကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger