နေပြည်တော် ၊ ၄-၂-၂၀၁၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း KIA (ကချင်) အဖွဲ့မှ ဒေသခံ ပြည်သူများအား မိုင်းထောင် ဖောက်ခွဲခြင်း၊ အဓမ္မ ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ ဆက်ကြေး ကောက်ခံခြင်း၊ လုံခြုံရေး တာဝန် ထမ်းဆောင် နေသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား နှောင့်ယှက် ပစ်ခတ်ခြင်း များကို စဉ်ဆက်မပြတ် ပြုလုပ်လျက် ရှိသည်။
ထိုသို့ KIA (ကချင်)အဖွဲ့မှ တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် ဆောင်ရွက် နေခြင်းကြောင့် တပ်မတော် စစ်ကြောင်းများက ဖားကန့်မြို့နယ် အတွင်း လုံခြုံရေး တာဝန် ထမ်းဆောင်လျက် ရှိရာ ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းတွင် ဖားကန့်မြို့နယ် ၏ အရှေ့တောင် ဘက် ၂ မိုင်ခန့်သို့ ရောက်ရှိစဉ် KIA (ကချင်) အဖွဲ့မှ အင်အား ၄ဝ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တပ်မတော် စစ်ကြောင်း များက ပြန်လည်ခုခံ တိုက်ခိုက်ကာ အဆိုပါ နေရာအား ထိန်းချုပ် သိမ်းဆည်း ခဲ့သည်။
ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွင် KIA (ကချင်) အဖွဲ့ထံမှ ပွိုင့်-၂၂ သေနတ် တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၄င်းကျည် ၃ဝ တောင့်၊ လက်ပစ်ဗုံး နှစ်လုံး၊ ကေအို ကျည် ၅ဝ တောင့်၊ အမ်-၂၂ ကျည်အိမ် တစ်ခု၊ ဒီတိုနေတာ ၁၆၅ ချောင်း၊ ၄ဝ မမဗုံးသီး နှစ်လုံး၊ KIA (ကချင်) ယူနီဖောင်း ၁၅ ထည်တို့အား သိမ်းဆည်း ရမိခဲ့ပြီး တပ်မတော်မှ စစ်သည် လေးဦး ကျဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိ ခဲ့သည်။
ဒဏ်ရာရ စစ်သည်များအား ခေါ်ဆောင်ရန် အတွက် ဆိပ်မူကျေးရွာ မှ တပ်မတော် စစ်ကြောင်းများက လာရောက် ပူးပေါင်း ဆောင်ရွက်စဉ် ဖားကန့်မြို့၏ တောင်ဘက် ၁ မိုင်ခွဲ ခန့်နေရာသို့ ရောက်ရှိစဉ် KIA (ကချင်)အဖွဲ့ အချို့မှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် စောင့်ကြို ပစ်ခတ်ခဲ့သဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ KIA (ကချင်)အဖွဲ့မှ အလောင်း တစ်လောင်း၊ သံသယ ဖြစ်ဖွယ် ငါးဦး၊ လူနေတဲ ငါးလုံး လမ်းလျှောက် စကားပြောစက် တစ်လုံးနှင့် ဆိုင်ကယ်သုံးစီး တို့အား သိမ်းဆည်း ရမိခဲ့ပြီး ပတ်ဝန်းကျင် တစ်ဝိုက် နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment