www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 20, 2015

အာဆီယံနိုင်ငံများသို့ GAP Certificate ဖြင့် သရက်သီးများ တင်ပို့နိုင်ရေး စတင်ဆောင်ရွက်



မန္တလေး ၊ ၂၀-၂-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး အတွင်း သရက်စိုက်ခင်း များကို စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့် ကောင်းများ ( Good Agricultural Practices ) GAP စနစ်ဖြင့် စိုက်ပျိုးပြီး သရက်သီးကို GAP Certificate ဖြင့် အာဆီယံ နိုင်ငံများသို့ တင်ပို့နိုင်ရေး စတင် အကောင် အထည်ဖော် ဆောင်ရွက် နေကြောင်း မန္တလေးတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

အာဆီယံ GAP စနစ်ကို မြန်မာနိုင်ငံတွင် ၂ဝ၁၂ ခုနှစ်မှ စတင် ပြဋ္ဌာန်းခဲ့ပြီး အစားအစာ အန္တရာယ် ကင်းရှင်းရေး နှင့် အရည်အသွေး ကောင်းသော ထုတ်ကုန်များ ရရှိရေး ဆောင်ရွက် ခဲ့ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ တွင်လည်း အာဆီယံ နိုင်ငံများ နည်းတူ အာဆီယံ GAP ကို စံယူ၍ မြန်မာ GAP ကို အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

GAP စနစ်တွင် ကဏ္ဍကြီး (၄)ရပ် ပါဝင်ပြီး အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး ကဏ္ဍ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍ၊ သီးနှံများ၏ အရည်အသွေး ကဏ္ဍ၊ လုပ်သားများ ကျန်းမာရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး နှင့် လူမှုဘဝ သာယာရေး ကဏ္ဍတို့ ဖြစ်ကြောင်း၊ GAP စနစ်ကို အကောင်အထည် ဖော်ရန် အချိန်တိုအတွင်း မရနိုင်ကြောင်း၊ GAP စနစ်ပါ အချက်များနှင့် ကိုက်ညီမှသာ Certificate ထုတ်ပေးကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး အတွင်း သရက်စိုက်ပျိုး ထုတ်လုပ်မှုကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာ လမှစ၍ စိုက်ပျိုးရေး ဦးစီး ဌာနပိုင် ခြံရှစ်ခြံကို GAP စနစ်ဖြင့် စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ပုဂ္ဂလိက စိုက်ပျိုးရေး လုပ်ငန်းရှင် ဦးရေ ၂ဝ ကျော်သည် GAP စနစ်ကို စတင်၍ လျှောက်လွှာ တင်ပြီး ဖြစ်သဖြင့် စိုက်ပျိုးရေး ဦးစီးဌာန မှ သတ်မှတ်ချက်များ ကိုက်ညီစွာ ဆောင်ရွက်ရေး ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ 

(၁၈ဝ)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger