www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, February 21, 2015

တပ်မတော်စစ်ကြောင်းများ လောက်ကိုင်ဒေသ နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်



နေပြည်တော် ၊ ၂၁-၂-၂ဝ၁၅

ဖေဖော်ဝါရီ ၁၉ ရက်ညပိုင်းတွင် တပ်မတော် စစ်ကြောင်းများက လောက်ကိုင်မြို့ ပတ်ဝန်းကျင်အား နယ်မြေ ရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ရာ လောက်ကိုင်မြို့၏ အနောက် တောင်ဘက်နှင့် တောက်ဘက်ရှိ ကြံခင်းများ အတွင်းမှ ကိုးကန့် သောင်းကျန်းသူ အဖွဲ့ လျှို့ဝှက် သိမ်းဆည်း ထားသော လက်နက်ငယ် သုံးလက် နှင့် ခဲယမ်းဆက်စပ် ပစ္စည်းများ ဖော်ထုတ် သိမ်းဆည်း ရရှိခဲ့သည်။

ထို့အပြင် ၄င်းရက် ညနေ ၆ နာရီချိန် ခန့်၌ ကုန်းကြမ်းနှင့် လော်ကွာကျိုင်း လမ်းကြောင်း ပေါ်တွင် နယ်မြေ ရှင်းလင်းလျက် ရှိသာ တပ်မတော် စစ်ကြောင်းအား လော်ကွာကျိုင်း အနီးတွင် ကိုးကန့် သောင်းကျန်းသူ အင်အားစုများမှ နှောင့်ယှက် ပစ်ခတ် တိုက်ခိုက်လာ၍ တပ်မတော် စစ်ကြောင်းက ပြန်လည် တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူ များ ဆုတ်ခွာ သွားခဲ့သည်။ ဆုတ်ခွာသွားရာ နောက်သို့ တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းလျက် ရှိသည်။

ယမန်နေ့ မွန်းလွဲပိုင်း တွင်လည်း ကုန်းကြမ်း- လောက်ကိုင် လမ်းကြောင်းရှိ ၁၈ မိုင်လမ်းဆုံ တစ်ဝိုက် အခြေပြု ခံစစ်ယူကာ ဆက်သွယ်ရေး လမ်းကြောင်းအား ဖြတ်တောက် ထားသော ကိုးကန့် သောင်းကျန်းသူ အဖွဲ့အား တပ်မတော် စစ်ကြောင်းများက ဝိုင်းပတ် ပိတ်ဆို့ ရှင်းလင်းလျက် ရှိသည်။

အလားတူ မွန်းလွဲပိုင်းတွင် ပါစင်ကျော် အရှေ့မြောက်ဘက် တစ်ဝိုက်တွင် နယ်မြေ ရှင်းလင်းလျက် ရှိသော တပ်မတော် စစ်ကြောင်း နှင့် ကိုးကန့် သောင်းကျန်းသူ အဖွဲ့များ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger