www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 20, 2015

ရန်ကုန်မြို့တွင်းရှိ ခရီးသည်တင် မီနီဘတ်စ်များ သဘာဝဓာတ်ငွေ့ တိုးပေးရန် တောင်းခံထား



ရန်ကုန် ၊ ၂ဝ-၂-၂ဝ၁၅

ရန်ကုန်မြို့ အတွင်း ပြေးဆွဲလျက် ရှိသော ခရီးသည်တင် မီနီဘတ်စ်များ အနေဖြင့် သဘာဝဓာတ်ငွေ့လုံလောက်စွာ မရရှိ သောကြောင့် ပိုမိုတိုးမြှင့် ရောင်းချ ပေးရန် တောင်းဆို ထားကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ သဘာဝ ဓာတ်ငွေ့သုံး ခရီးသည်တင် မီနီဘတ်စ်များ အနက် ခရီးမိုင်ရှည် ပြေးဆွဲပေး နေရသည့် ယာဉ်များသည် သဘာဝ ဓာတ်ငွေ့ လုံလောက်မှု မရှိသည့် အတွက် ရပ်နား ထားသော ယာဉ်များလည်း ရှိနေကြောင်း သိရသည်။ ရန်ကုန်မြို့ အတွင်း ပြေးဆွဲ နေသော မီနီဘတ်စ် များသည် သဘာဝ ဓာတ်ငွေ့ ၂ဝဝ လီတာခန့် ရှိပါက လုံလောက်မှု ရှိပြီး ကျန်မြို့နယ်များ သို့ ပြေးဆွဲပေး နေသော ယာဉ်များ၌ လုံလောက်မှု မရှိသဖြင့် ၃ဝဝ လီတာအထိ တိုးပေးပါက လုံလောက်မည် ဖြစ်ကြောင်း၊ ယင်းအတွက် လတ်တလော တွင် ခရီးဝေး ပြေးဆွဲ ပေးနေသော မီနီဘတ်စ် များကို သဘာဝ ဓာတ်ငွေ့ တိုးမြှင့်ပေးရန် စီစဉ် ထားကြောင်း သိရသည်။

ယင်းအနက် ဟိုင်းလပ်ယာဉ် အစားထိုး ပြေးဆွဲ နေသော မီနီဘတ်စ် များ စတင် ပြေးဆွဲချိန်မှ စပြီး သဘာဝ ဓာတ်ငွေ့ ၂ဝဝ လီတာမှ ၄၈ဝ လီတာအထိ အစီးရေ ၃၅ စီးကို တိုးမြှင့် ပေးခဲ့ပြီး ဒုတိယ အကြိမ် အဖြစ် ပဲခူးတိုင်း ဒေသကြီးမှ ၅၉ စီး၊ ရန်ကုန်တိုင်း ဒေသကြီးမှ ၄၈ စီး စုစုပေါင်း အစီးရေ ၁ဝ၇ စီးအား ၂ဝ၁၅ ခုနှစ် နှစ်ဆန်း ပိုင်း အတွင်းက သဘာဝ ဓာတ်ငွေ့ ထပ်ဆောင်း လီတာ များကို တိုးမြှင့်ပေးမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့၌ သဘာဝ ဓာတ်ငွေ့ ရောင်းချပေး သည့် ဆိုင်ပေါင်း ၄ဝ ကျော်ရှိပြီး ၂၄ နာရီ ပိတ်ရက်မရှိ ဖွင့်လှစ် ပေးထား သော်လည်း ဓာတ်ငွေ့ လုံလောက်စွာ ရောင်းချ ပေးနိုင်မှု မရှိကြောင်း သိရသည်။

လက်ရှိတွင် ဟိုင်းလပ် အစားထိုး ယာဉ်များ ဖြစ်သည့် မီနီဘတ်စ်များ အနက် ခရီးရှည် ပြေးဆွဲရသည့် မီနီဘတ်စ် များကို သဘာဝ ဓာတ်ငွေ့ တိုးမြှင့် ရောင်းချ ပေးမည် ဆိုသော်လည်း ယနေ့ အချိန်အထိ ခွင့်ပြုချက် မရရှိသေး သောကြောင့် တိုးမြှင့် ရောင်းချ ပေးနိုင်ခြင်းမ ရှိသေးကြောင်း၊ ဟိုင်းလပ် အစားထိုး မီနီဘတ်စ် များသည် ယနေ့ အချိန်အထိ စုစုပေါင်း ယာဉ်အစီးရေ ၉ဝဝ ခန့်ရှိနေပြီ ဖြစ်ကြောင်း၊ ရန်ကုန်မြို့ အတွင်း ပြေးဆွဲ ပေးနေသည့် ယာဉ် အစီးရေ ၆၇ဝဝ ရှိပြီး သဘာဝဓာတ်ငွေ့ အသုံးပြုယာဉ် ၅၇ဝ၄ စီး ရှိကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger