www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 20, 2015

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းကြီးများသို့ ကွန်တိန်နာသင်္ဘောများ တစ်လလျှင် အကြိမ် ၄၀ ဆိုက်ကပ်ခွင့် ပြုထား



ရန်ကုန် ၊ ၂၀-၂-၂၀၁၅

ရန်ကုန်မြို့ရှိ အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းကြီး များသို့ ကွန်တိန်နာ သင်္ဘောများ တစ်လလျှင် အကြိမ် ၄ဝ ဆိုက်ကပ် ခွင့်ပြု ထားကြောင်း မြန်မာ့စက်မှု ဆိပ်ကမ်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

လတ်တလော တွင် ရန်ကုန်မြို့၌ အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းကြီး ခုနစ်ခု ရှိရာ ရန်ကုန်မြစ် အတွင်း ပင်လယ် ရေဆူး ၈ ဒသမ ၉ မီတာတွင် အရှည် ၁၆၇ မီတာရှိသည့် ပင်လယ်ကူး သင်္ဘော များကို တစ်လလျှင် အကြိမ် ၄ဝ အထိ ဆိုက်ကပ် ခွင့်ပြုထားခြင်း ဖြစ်ကြောင်း သိရသည်။

''အခု မြန်မာနိုင်ငံမှာ ကုန်တင်ပို့မှု၊ ကုန်မှာယူမှု တွေက များလာပြီး သင်္ဘောလိုင်း တွေကလည်း အပြိုင်အဆိုင် ဖြစ်လာတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။ ထို့အပြင် ပင်လယ်ဝ၌ သင်္ဘော စောင့်ဆိုင်းချိန် မရှိပါက ပိုမိုမြန်ဆန် နိုင်မည် ဖြစ်ကြောင်း၊ ဆိပ်ကမ်းများ မအားလပ်သည့် အတွက် သင်္ဘောအစင်း ၂ဝ ခန့်ကို အချိန် တစ်ရက်၊ နှစ်ရက် စောင့်ဆိုင်း နေရသည့် အတွက် တစ်လ အတွင်းတွင် သင်္ဘော တစ်စင်း အနေဖြင့် လေးခေါက် ခန့်သာ ပို့ဆောင် နိုင်ကြောင်း သိရသည်။

ထို့အပြင် ပေ ၂ဝ ရှိသည့် ကွန်တိန်နာ (1 TEU) တွင် ကုန်တန်ချိန် တန် ၂ဝ ခန့်ပါရှိပြီး ပေ ၄ဝ ရှိသည့် ကွန်တိန်နာ (2 TEU) တွင် ကုန်တန်ချိန် ၂၆ တန်ခန့် ပါရှိကာ Over Weight တန်ချိန် ၄ဝ ကျော်ပါက တန်ပိုကြေး နှစ်ဆ ပေးဆောင် ရကြောင်း သိရသည်။

ထို့ကြောင့် သင်္ဘော တစ်စင်းလျှင် ကုန်ပါ သည့် ကွန်တိန်နာ ၂ဝဝ နှင့် ကုန်မပါ သည့် ကွန်တိန်နာ ၂ဝဝ ခန့် ပါရှိမှသာ ၄င်း တို့အတွက် တွက်ခြေ ကိုက်မည် ဖြစ်ကြောင်း သိရသည်။ ကွန်တိန်နာ တစ်လုံးလျှင် ကုန်ပစ္စည်း အမျိုးအစား ပေါ် မူတည်၍ ပျမ်းမျှ သင်္ဘော တန်ဆာခ ဒေါ်လာ ၅ဝဝ မှ ၅၅ဝ ခန့် ပေးရကြောင်း သိရသည်။

နေနေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger