ကျိုက်ထို ၊ ၂-၂-၂၀၁၅
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ရှိ မိုးကောင်း ရေတံခွန်၌ အပန်းဖြေစခန်း တစ်ခု တည်ဆောက်မည် ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရ အဖွဲ့မှ သိရသည်။
အဆိုပါ အပန်းဖြေစခန်း သည် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် အနီး၌ တည်ရှိမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အပန်းဖြေစခန်း ကို ရိုးရိုးလေး ကုမ္ပဏီမှ တာဝန်ယူ လုပ်ကိုင် ဆောင်ရွက်မည် ဖြစ်ပြီး ယခုအခါ တည်ဆောက်ရေး လုပ်ငန်းများ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် သို့ ဘုရားဖူး ကာလအတွင်း လာရောက် ဖူးမြော်သူများ အလွန် များပြားလာပြီး ရုံးပိတ်ရက် များတွင် ဘုရားဖူးသူ ဦးရေ တစ်နေ့လျှင် သိန်းဂဏန်း ဝန်းကျင်ခန့် ရှိကြောင်း သိရသည်။
ဘုရားဖူး ပြည်သူများသည် စေတီတော်မှ တစ်ဆင့် ကျီးကန်းပါးစပ် ဂူတစ်ဝိုက်၊ မုဆိုးတောင် ဝန်းကျင်၊ ရသေ့တောင်၊ ကျောက်ထပ်ကြီး နှင့် ရေတံခွန် စသည့်နေရာ များသို့ သွားရောက် လည်ပတ်လေ့ ရှိကြောင်း သိရသည်။
အဆိုပါ အပန်းဖြေ စခန်း၌ ဟိုတယ်များ၊ တည်းခိုခန်း များနှင့် ယာဉ်ရပ်နား စခန်းများ ကိုပါ ထည့်သွင်း တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် ပဲခူးတိုင်း ဒေသကြီး တို့သို့ နေ့ချင်းပြန် ဘုရားဖူး ခရီးစဉ်များ မြင့်တက် နေချိန်တွင် ယင်းကဲ့သို့ အပန်းဖြေ စခန်း တည်ဆောက် ခြင်းသည် ပြည်တွင်း ခရီးသွား အေဂျင်စီများ အတွက် ခရီးစဉ်အသစ် တစ်ခု ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း မိုးမြင့် ရတနာ ခရီးသွား အေဂျင်စီမှ မရတနာဦး က ပြောသည်။ (၄၄၃)
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment