www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 2, 2015

ယခုနှစ်တွင် စတင်ဆောင်ရွက်မည့် နိုင်ငံတော်စီမံကိန်းများ အတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁ဝဝဝ ကျော် ချေးမည်



ရန်ကုန် ၊ ၂-၂-၂၀၁၅

မြန်မာနိုင်ငံ၌ ယခုနှစ်တွင် စတင်အကောင် အထည်ဖော် ဆောင်ရွက်မည့် နိုင်ငံတော် အဆင့် နိုင်ငံတော် စီမံကိန်းများ အတွက် ကမ္ဘာ့ဘဏ် မှ အမေရိကန် ဒေါ်လာ သန်း ၁ဝ၄ဝ ချေးရန် စီစဉ်ထားကြောင်း သိရသည်။

ထိုကဲ့သို့ ပြည်တွင်း၌ စီမံကိန်းများ ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ် မှ ချေးပေးမည့် အမေရိကန် ဒေါ်လာ သန်း ၁ဝဝဝ ကျော်ကို နိုင်ငံတစ်ဝန်း၌ ယခုနှစ်တွင် စတင်အကောင် အထည်ဖော်မည့် နိုင်ငံတော် စီမံကိန်းများ၌
အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။ 

ထို စီမံကိန်း များတွင် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံအသစ် တည်ဆောက်ရေး၊ လျှပ်စစ် ဓာတ်အားပေး ကွန်ရက်ချဲ့ထွင် တည်ဆောက်ရေး၊ ဧရာဝတီ မြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ စိုက်ပျိုးရေး လုပ်ငန်း ပိုမို ဖွံ့ဖြိုးရေး နှင့် စိုက်ပျိုးရေ ရရှိရေး စသည့် စီမံကိန်းများ ပါဝင်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ အတွက် သတ်မှတ် လျာထားသော စာရင်းများ အရ သထုံမြို့၌ အသစ် တည်ဆောက်မည့် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံအတွက် အမေရိကန် ဒေါ်လာ သန်း ၁၄ဝ၊ ကမ္ဘာ့ဘဏ်မှ နည်းပညာ အကူအညီ ဖြင့် ဖြန့်ကြက် ဆောင်ရွက်မည့် လျှပ်စစ် ဓာတ်အားပေး ကွန်ရက်  တိုးချဲ့ခြင်း အတွက် အမေရိကန် ဒေါ်လာသန်း ၄ဝဝ၊ ဧရာဝတီ မြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း အတွက် အမေရိကန် ဒေါ်လာသန်း ၁ဝဝ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် အမေရိကန် ဒေါ်လာသန်း ၃ဝဝ၊ စိုက်ပျိုးရေး လုပ်ငန်း ပိုမို ဖွံ့ဖြိုးရေး နှင့် စိုက်ပျိုးရေ ရရှိရေး စီမံကိန်းများ အတွက် အမေရိကန် ဒေါ်လာ သန်း ၁ဝဝ စသည်ဖြင့် စီမံကိန်းကဏ္ဍ အသီးသီး အတွက် ချေးငွေများ ထုတ်ပေးရန် စီစဉ် ထားကြောင်း သိရသည်။ 

ကမ္ဘာ့ဘဏ် အနေဖြင့် မြန်မာနိုင်ငံကို ချေးငွေများ၊ နည်းပညာများ အပြင် အခြားသော ငွေကြေး ထောက်ပံ့မှု များကိုလည်း ကူညီထောက်ပံ့ ပေးလျက်ရှိပြီး ယမန်နှစ်က ပြည်တွင်းရှိ လူထုဗဟိုပြု စီမံကိန်း အတွက် အမေရိကန် ဒေါ်လာ သန်း ၈ဝ ကို ပြန်ဆပ်ရန် မလိုသော ငွေကြေး အကူအညီ တစ်ရပ်အဖြစ် ကူညီထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။ 

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger