www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 1, 2015

တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်များအား စီးပွားရေးနည်းပညာနှင့် ဈေးကွက်ရှာဖွေမှုဆိုင်ရာ သင်တန်းများပို့ချမည်


တစ်ပိုင်တစ်နိုင် အိုးလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်

ရန်ကုန် ၊ ၁-၁-၂၀၁၅

ပြည်တွင်းရှိ တစ်နိုင်တစ်ပိုင် အသေးစား စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင် နေကြသော လုပ်ငန်းရှင် ၉ဝဝဝ ကျော်ကို စီးပွားရေး နည်းပညာနှင့် ဈေးကွက် ရှာဖွေမှုဆိုင်ရာ သင်တန်းများ ပို့ချသွားရန် သက်ဆိုင်ရာ အဖွဲ့အစည်း များမှ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၌ အသေးစား၊ အလတ်စား နှင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင် အရေအတွက် သည် ၉ဝ ရာခိုင်နှုန်း နီးပါးရှိရာ ၄င်းတို့၏ စီးပွားရေး စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်မှ သာလျှင် နိုင်ငံ၏ GDP မှာ မြင့်တက် လာမည် ဖြစ်ကြောင်း သိရသည်။

ထိုနည်းတူ အာဆီယံ ဒေသတွင်း အခြား နိုင်ငံများ၌ အသေးစား၊ အလတ်စား စီးပွားရေး ကဏ္ဍများကို ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပြီး မကြာမီ စတင် အကောင်အထည် ဖော်ဆောင် ရွက်မည့် အာဆီယံ စီးပွားရေး အသိုက်အမြုံ (AEC) ပေါ်ပေါက် လာသော အခါတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အကြား စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ယှဉ်ပြိုင် လာကြရာ၌ စီးပွားရေး လုပ်ငန်းကြီးများ သာမက လုပ်ငန်း အသေးများ၏ ဖွံ့ဖြိုးတိုးတက် မှုနှုန်းများကို ပြိုင်ဆိုင် လာရမည် ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ပြည်တွင်းရှိ တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင် များကို နိုင်ငံတော်မှ သင်တန်းများ ပေးကာ စွမ်းဆောင်ရည် မြင့်မားလာ စေရန် စီစဉ်ဆောင်ရွက် ရခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ အသေးစား လုပ်ငန်းရှင် ၉ဝဝဝ ကျော်ကို သင်တန်း ပို့ချရာ၌ အုပ်စုများစွာ ခွဲခြားပြီး တစ်သုတ်ချင်း စီကို ရက်တို သင်တန်းများ သင်ကြားပို့ချ သွားမည်ဖြစ်ရာ ၁ဝ လ နီးပါးကြာအောင် အချိန်ယူ လုပ်ဆောင်ရမည် ဖြစ်ပြီး ထိုသင်တန်းများ ဖွင့်လှစ်နိုင် စေရန် အာရှစွန့်ဦး တီထွင် စီးပွားရေး စွမ်းဆောင်ရည် ဖွံ့ဖြိုးမှုကွန်ရက် မြန်မာ ကုမ္ပဏီလီ မိတက်မှ ပံ့ပိုးကူညီ နေသည့်အပြင် UMFCCI မှလည်း ဝိုင်းဝန်း ကူညီကာ တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်များ စာရင်းကို ကောက်ယူ ပေးလျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger