www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, January 25, 2015

ကြက်ဥနဲ့ မျက်နှာ ပေါင်းတင်ဆေး ဘယ်လိုလုပ်မလဲ



ကြက်ဥနဲ့ မျက်နှာ ပေါင်းတင်ဆေး ဘယ်လိုလုပ်မလဲ

သလင်းသီရိ

ကြက်ဥအကာနဲ့ မျက်နှာ ပေါင်းတင်ခြင်း ဟာ အဆီပြန်တဲ့ အသားအရေ ရှိသူတွေ အတွက် ကောင်းမွန်တဲ့ နည်းလမ်းတစ်ရပ် ဆိုတာ အများစုက သိပါတယ်။ ဒါပေမဲ့ ပြည့်စုံ မှန်ကန်တဲ့ ပေါင်းတင်နည်း ကိုတော့ သိသူ နည်းပါးလှ ပါတယ်။ ဒါကြောင့် အသားအရေ ထိန်းသိမ်းနည်း မသိသူများနဲ့ အရေပြား ကျန်းမာရေး ဂရုစိုက်သူများ အတွက် ကြက်ဥနဲ့ မျက်နှာ ပေါင်းတင်ခြင်း နည်းလမ်းအသေးစိတ်ကို ဖော်ပြပေးလိုက် ပါတယ်။

ဒီနည်းလမ်းနဲ့ ပတ်သက်ပြီး တစ်ခု သတိပေး လိုတာကတော့ မိမိ ပေါင်းတင်မယ့် ကြက်ဥက သန့်ရှင်း နေစေဖို့ပါ။ ကြက်ဥမှာ ပါဝင်တဲ့ ဘက်တီးရီးယားပိုး နဲ့ မျက်နှာ အရေပြားကို မထိတွေ့မိရန် အရေးကြီး ပါတယ်။ ဒါကြောင့် ကြက်ဥနဲ့ ပေါင်းတင်မယ် ဆိုရင် လတ်ဆတ် သန့်ရှင်းတဲ့ ကြက်ဥကောင်း တစ်လုံးကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ကြက်ဥကို မခွဲခင် မှာလည်း အပြင်ဘက် အကာကို ရေအရှိန် ပြင်းပြင်းအောက်မှာ သန့်စင်အောင် ဆေးကြော ပေးရမှာပါ။ အဲဒီအဆင့်တွေ ပြီးရင်တော့ ယခု ဖော်ပြမယ့် အဆင့်များကို ပြုလုပ်နိုင်ပါပြီ-

  • (၁) ကြက်ဥအကာ နှင့် အနှစ် ခွဲခြားထည့်ရန် ပန်းကန်နှစ်လုံး ယူပါ။
  • (၂) ကြက်ဥအကာ ကို ပန်းကန်တစ်လုံးထဲ ထည့်၍ အနှစ်ကို အခြား ပန်းကန်ထဲ ထည့်ပါ။ ဒီနေရာမှာ အရေးကြီးတာက အဆီပြန် တတ်တဲ့ အသားအရေ ပိုင်ရှင်ဆိုရင် ရှောက်ရည် အနည်းငယ်ကို ထည့်ပေးပါ။ (ရှောက်ရည် တစ်စက်၊ နှစ်စက် လောက်ပါပဲ။) ကြက်ဥနဲ့ ရှောက်ရည်ကို သမအောင် မွှေပါ။
  • (၃) ရေနွေး စွပ်ထားတဲ့ သို့မဟုတ် ရေနွေးငွေ့ ရိုက်ထားတဲ့ အဝတ်နဲ့ မျက်နှာကို သုတ်လိုက်ပါ။ ဒါမှသာ ဝက်ခြံပုန်း များရဲ့အပေါက်ငယ် လေးများ ပွင့်လာမှာပါ။ (ရေနွေးငွေ့ ရိုက်ထားတဲ့ အဝတ်ကို လိုချင်ရင် ဖလား တစ်လုံးထဲ ရေနွေးဆူဆူ ထည့်ပြီး အဝတ်ကို အပေါ်က အုပ်နိုင် ပါတယ်။)
  • (၄) ဒီအဆင့် မှာတော့ မျက်နှာကို ကြက်ဥအကာ သုတ်လိမ်း နိုင်ပါပြီ။ ခုနက ရှောက်ရည် ရောထားတဲ့ ကြက်ဥ အကာရည်ကို မျက်စိ တစ်ဝိုက်သာ ချန်ပြီး အပေါ်ကို တွန်းတင် ပင့်ဝိုက် လိမ်းနည်းဖြင့် ညင်သာစွာ လိမ်းပေးပါ။ အရေးအကြောင်း များ သက်သာ စေရန် ဖြစ်ပါတယ်။ လက်ကို ပါးကွက်ကြား ကွက်သလို အပေါ်ကို တွန်းတင်ပြီး ဖွဖွလေး လိမ်းရမှာပါ။
  • (၅) ၁၅ မိနစ်သို့မဟုတ် မိနစ် ၃ဝ ခန့်စောင့်ရင် မျက်နှာပေါ်ကကြက်ဥအကာရည်ခြောက်သွေ့ပြီး တင်းလာမှာဖြစ်ပါတယ်။

  • (၆) နွေးထွေး ခြောက်သွေ့တဲ့ အဝတ်နဲ့ မျက်နှာပေါ်က ကြက်ဥ အကာတွေကို ဖယ်ရှား လိုက်ပါ။
  • (၇) ဒီတစ်ခါတော့ ကြက်ဥ အနှစ်ရည်ကို ယခင် နည်းလမ်း အတိုင်း သုတ်လိမ်းပေး ရမှာပါ။
  • (၈) ၁၅ မိနစ် သို့မဟုတ် မိနစ် ၃ဝ ခန့်စောင့်ပါ။
  • (၉) မျက်နှာပေါ် က ဝက်ခြံပေါက် တွေ ပိတ်ဖို့နဲ့ အသားအရေ ခြောက်သွေ့ သွားဖို့အတွက် ရေအေး (သာမန်ရေ) နဲ့ မျက်နှာသစ်ပါ။


ဒီအဆင့် ကိုးဆင့် ပြီးဆုံးသွား ရင်တော့ ကြည်လင် လန်းဆန်းလာတဲ့ မျက်နှာ အသားအရေ ရရှိလာပြီ ဖြစ်ပါတယ်။ ယခင်ထက် ပိုမိုကြည်လင် လှပတဲ့ အသားအရေများ ပိုင်ဆိုင်ကြ ပါစေကြောင်း ဆန္ဒပြု လိုက်ပါတယ်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger