www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 21, 2015

ရန်ကုန် - ရှန်ဟိုင်း တိုက်ရိုက် ကွန်တိန်နာတင် သင်္ဘောလိုင်း ပြေးဆွဲမည်



ရန်ကုန် ၊ ၂၁-၁-၂ဝ၁၅

တရုတ် - မြန်မာ ကုန်သွယ်မှု ပမာဏ မြင့်တက် လာခြင်းကြောင့် ရန်ကုန် - ရှန်ဟိုင်း တိုက်ရိုက် ကွန်တိန်နာတင် သင်္ဘောလိုင်းကို တရုတ်နိုင်ငံပိုင် သင်္ဘောလိုင်း ဖြစ်သော China Shipping Container Lines (CSCL) နှင့် နိုင်ငံတကာ သင်္ဘောလိုင်း တစ်ခုဖြစ်သော AP Moeller-Maersk အုပ်စုဝင် MCC Transport တို့ ပူးပေါင်း ပြေးဆွဲမည် ဖြစ်ရာ ဇန်နဝါရီ ၂၅ ရက်တွင် စတင် မိတ်ဆက်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနှင့် တရုတ်နိုင်ငံ တို့၏ ကုန်သွယ်မှု ပမာဏသည် ၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၄ ခုနှစ် အတွင်း ပျမ်းမျှ ၁၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်ကာ ဆောက်လုပ်ရေး ကုန်ကြမ်း ပစ္စည်းများ၊ လျှပ်စစ် ပစ္စည်းများ၊ အိမ်တွင်း အလှဆင် ကုန်ပစ္စည်းများ နှင့် ဖိုက်ဘာကြိုး များကို ရေလမ်းကြောင်းမှ အဓိက တင်သွင်း နေကြောင်း သိရသည်။

အဆိုပါ ရန်ကုန် - ရှန်ဟိုင်း တိုက်ရိုက် ခရီးစဉ်သည် ကုန်သွယ်ရေး လုပ်ငန်းရှင်များ အတွက် သင့်တင့် မျှတသည့် ဝန်ဆောင်မှု တစ်ခု ဖြစ်စေမည် ဖြစ်သည်။

ယခင်နှစ်က တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ သို့ ရေလမ်းကြောင်းဖြင့် ကုန်ပစ္စည်း တန်ချိန် သုံးသိန်းခွဲ တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင် ၃ဝ ရာခိုင်နှုန်း ပိုမိုမြင့်တက် မည်ဟု ခန့်မှန်းထားသည်။ မကြာမီ ပြေးဆွဲမည့် ရန်ကုန် - ရှန်ဟိုင်း တိုက်ရိုက် ကွန်တိန်နာတင် သင်္ဘောလိုင်း ကြောင့် နှစ်နိုင်ငံ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ အနေဖြင့် အချိန်နှင့် ကုန်ကျစရိတ် လျော့နည်း သွားမည်ဖြစ်ပြီး ကုန်သွယ်ရေး ပမာဏ ပိုမိုမြင့်တက် လာရန် မျှော်မှန်း ထားကြောင်း CSCL မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ သင်္ဘောလိုင်းကို ရှန်ဟိုင်းမြို့မှ စတင် ပြေးဆွဲမည် ဖြစ်ပြီး ရန်ကုန်ဆိပ်ကမ်း သို့မရောက်မီ တရုတ်နိုင်ငံ နင်ဘိုဆိပ်ကမ်း နှင့် စင်ကာပူ၊ မလေးရှား ကဲ့သို့ အရှေ့တောင် အာရှ ဆိပ်ကမ်းများ သို့လည်း ဝင်ရောက်မည် ဖြစ်ကာ ခရီးစဉ် ကြာမြင့်ချိန်သည် ၁၂ ရက်မှ ၁၄ ရက်အကြား ရှိမည် ဖြစ်ကြောင်း သိရသည်။(၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger