www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 21, 2015

မြန်မာနိုင်ငံ၌ ကျက်စားသည့် ရှားပါးစာရင်းဝင် ငှက်ရှစ်မျိုးခန့် မျိုးသုန်းမှုနှင့် ရင်ဆိုင်နေရ


Baer's Pochard

Spotted Greenshank

Storm's Stork

ရန်ကုန် ၊ ၂၁-၁-၂၀၁၅

မြန်မာနိုင်ငံ၌ ကျက်စားသည့် ရှားပါးစာရင်းဝင် ငှက် ရှစ် မျိုးခန့်သည် သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှု၊ သစ်တောများ ပြုန်းတီးမှု တို့ကြောင့် မျိုးသုဉ်းမှု အန္တရာယ်နှင့် ရင်ဆိုင် နေရကြောင်း ငှက်ဇီဝ မျိုးကွဲ လေ့လာရေး ပညာရှင် တစ်ဦးက ပြောသည်။

အဆိုပါ မျိုးသုဉ်းမှု အန္တရာယ် ရှိသော ငှက်မျိုးများမှာ ငှက်ကြီးတုံးစပ်၊ မန်ဒါလီရိုင်း၊ တောင်ငုံးရင်မည်း၊ မျက်ခုံးဖြူ ငှက်ပြာခြောက်၊ ဒေါင်းစိမ်း၊ ရေဗလုံ ၊ Spotted Green shank ၊ Storm's Stork ငှက်များဖြစ်ပြီး အချို့ငှက် များသည် အရွယ်ရောက် ကောင်ရေ တစ်သောင်း ဝန်းကျင်မှ ငါးဆယ် ဝန်းကျင်ခန့် ရှိကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ ကျက်စားပြီး ရှားပါး စာရင်းဝင် ငှက်မျိုးတွင် မျိုးသုဉ်းမှု အန္တရာယ် စိုးရိမ်နေရသော ငှက်မျိုးများမှာ ဘဲခေါင်းပန်းရောင်၊ ပခုံးဖြူခရုစုတ်၊ ရေညှောင့် နှုတ်ဝိုင်း၊ လင်းတကျောဖြူ၊ လင်းတထိပ်နီ၊ နှုတ်သီးရှည် လင်းတ၊ ငဟစ်ရင်ဖြူ နှင့် Baer's Pochard တို့ဖြစ်ကြပြီး မျိုးသုဉ်းမှု ခြိမ်းခြောက် ခံလုနီးမျိုး စိတ်များမှာ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ နာဖားကြူး အမြီးပိုင်းငှက် နှင့် ချင်းပြည်နယ် နတ်မတောင်ရှိ မျက်ခုံးဖြူ ငှက်ပြာခြောက် တို့ ဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံ၌ မျိုးသုဉ်းမှု အန္တရာယ် ရှိသော ငှက် ထိန်းသိမ်းရေး သုတေသန လုပ်ငန်းများ ကို သစ်တော ဦးစီးဌာန၊ သဘာဝ ပတ်ဝန်းကျင် နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေး ဌာန၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ နှင့် မြန်မာနိုင်ငံရှိ အသင်းအဖွဲ့ များမှ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger