www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 20, 2015

လူသားစွန့်ပစ်အညစ်အကြေး ကို သောက်ရေသန့်အဖြစ် ပြောင်းလဲသည့် ရေနွေးငွေ့သုံး သန့်စင်စက် ကို ဘီလ်ဂိတ် က လက်တွေ့စမ်းသပ်ပြခဲ့







ဝါရှင်တန် ၊ ၂၀-၁-၂၀၁၅

မိုက်ခရိုဆော့ဖ် တည်ထောင်သူ ဘီလီယံ သူကြွယ် လုပ်ငန်းရှင်နှင့် လူသား စောင့်ရှောက်ရေး ဝါဒီ ဘီလ်ဂိတ် သည် မကြာသေးမီက ၄င်း၏ ကိုယ်ပိုင် ဘလော့တွင် လူသားစွန့်ပစ် အညစ်အကြေး များကို သောက်ရေသန့် အဖြစ် ပြောင်းလဲ ပေးနိုင်သည့် ရေနွေးငွေ့သုံး သန့်စင်စက် တစ်ခုကို လက်တွေ့ စမ်းသပ်ပြခဲ့ပြီး ယင်း လုပ်ငန်းစဉ်တွင် လျှပ်စစ် ဓာတ်အား ကိုလည်း ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေနွေးငွေ့စက်ကို ဘက်စုံ သန့်စင်စက် Omniprocessor ဟု အမည် ပေးထားပြီး ဝါရှင်တန် အခြေစိုက် နည်းပညာ ကုမ္ပဏီ Janicki Bioenergy က ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခြင်း ဖြစ်ကာ ဘီလ်ဂိတ်နှင့် ဇနီးတို့က ငွေကြေး ဆက်လက် ထောက်ပံ့ ပေးထားပြီး ယင်းနည်းပညာကို ပိုမိုတိုးတက် ကောင်းမွန်အောင် ပြုလုပ်ထားသည်။

ကမ္ဘာပေါ်တွင် ရေလောင်း အိမ်သာ မဟုတ်သော နေရာတွင် အညစ်အကြေး စွန့်ရသူပေါင်း နှစ်ဘီလီယံခန့် ရှိနေပြီး အိမ်သာ လုံးဝ မရှိသူလည်း အများအပြား ရှိကြောင်း၊ ၄င်းတို့သည် ဟင်းလင်းပြင် ထဲတွင် အညစ်အကြေး စွန့်ရကြောင်း၊ ယင်း အညစ်အကြေး များကြောင့် မူလ ကတည်းက ရှားပါးနေသော မြေအောက်ရေ များကို ထပ်မံ ညစ်ညမ်း စေကြောင်း၊ ထို့ကြောင့် ကမ္ဘာတစ်ဝန်း ရောဂါဘယ ဖြစ်ပွားပြီး နှစ်စဉ် ကလေးသူငယ် ခုနစ်သိန်း ထက်မနည်း သေဆုံးနေကာ ရှင်သန် ကျန်ရစ်သူ များသည်လည်း သေးကွေး ကြုံလှီကာ ဉာဏ်ရည်နိမ့်ကျ နေကြကြောင်း ဘီလ်ဂိတ်က ၄င်း၏ ဘလော့တွင် ရေးသား ဖော်ပြထားသည်။

ထို့အတွက် ရေလောင်း အိမ်သာ လုံလောက်အောင် တည်ဆောက် ပေးရန်ထက် အညစ်အကြေးများ ကို ပိုက်လိုင်းများဖြင့် စနစ်တကျ သွယ်ယူကာ ဖော်ပြပါ Omniprocessor စက်ကြီးများဖြင့် သန့်စင်ပြီး သောက်သုံးရေနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ဘီလ်ဂိတ်  က စိတ်အား ထက်သန် နေခြင်းဖြစ်သည်။ 

အဆိုပါ Omniprocessor သည် အရှည် ၇၅ ပေ ၊ အကျယ် ၂၆ ပေရှိပြီး အညစ်အကြေး ၁၄ တန်ကို နေ့စဉ် သန့်စင်ပေး နိုင်လေရာ လူပေါင်း တစ်သိန်းခန့် နေ့စဉ် စွန့်ပစ်သော အညစ်အကြေး များကို သန့်စင်ပေး နိုင်ခြင်းပင် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger