www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 20, 2015

American Sniper ဇာတ်ကား အဖွင့်ရောင်းအား ကောင်းနေ



နယူးယောက် ၊ ၂၀-၁-၂၀၁၅

သရုပ်ဆောင်၊ ဒါရိုက်တာ Clint Eastwood ၏ American Sniper ဇာတ်ကားမှာ ဇန်နဝါရီ ၁၆ ရက်တွင် စတင်ရောင်းချ ခဲ့ပြီး သုံးရက်အတွင်း အမေရိကန် ဒေါ်လာ ၉ဝ ဒသမ ၂ သန်းခန့် ရောင်းခဲ့ ရကြောင်း သိရသည်။ 

ဇန်နဝါရီလ၏ ရောင်းအား အကောင်းဆုံး စံချိန်ဖြင့် ယခင်က သတ်မှတ်ခံ ရသည့် ဇာတ်ကားမှာ Avator ဇာတ်ကားဖြစ်ပြီး ၄င်းမှာ ဒေါ်လာ ၆၈ သန်းခန့် ရောင်းခဲ့ရသည်။ ဟောလိဝုဒ် ဇာတ်ကားသစ် များအတွက် သုံးသပ်ချက်များ ရေးသော Rentrak ဝက်ဘ်ဆိုက်မှ အထက်တန်းကြီး ကြပ်သူ Paul Dergarabedian က American Sniper ၏ အဖွင့် သီတင်းပတ် ရောင်းရနှုန်းမှာ အံ့သြဖွယ် ကောင်းကြောင်း၊ စူပါလူသား ဇာတ်ကားများနှင့် နွေရာသီ အချိန်တွင် ထွက်ရှိသော ဇာတ်ကားများသာ ရရှိနိုင်မည့် ရောင်းရနှုန်းကို American Sniper က ဇန်နဝါရီလ တွင်ပင် ရရှိနေပြီ ဖြစ်သည်ဟု ဆိုခဲ့သည်။

American Sniper မှာ စတင် ရောင်းချခဲ့သည့် ဇန်နဝါရီ ၁၆ ရက်တွင်ပင် ဒေါ်လာ ၃ဝ ဒသမ ၅ သန်းခန့် ရောင်းခဲ့ရသည်။ ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီ Warner Bros. ကလည်း အမေရိကန် ရုံးပိတ်ရက် ဖြစ်သည့် Martinn Luther King နေ့ရှိနေသဖြင့် American Sniper ၏ ရောင်းရငွေမှာ ဒေါ်လာ ၁ဝ၅ သန်းထိ ရောက်ရှိ သွားနိုင်ကြောင်း ခန့်မှန်းသည်။

American Sniper သည် Navy SEAL လက်ဖြောင့် တပ်သား Chris Kyle ၏ ဘဝ ဇာတ်ကြောင်းကို ရိုက်ကူး ထားခြင်းဖြစ်ကာ သရုပ်ဆောင် Bradley Cooper က Chris Kyle အဖြစ် သရုပ်ဆောင် ထားသည်။

American Sniper မှာ အကောင်းဆုံး ဇာတ်ကားဆု နှင့် Bradley Cooper အတွက် အကောင်းဆုံး သရုပ်ဆောင်ဆု တို့ အပါအဝင် အော်စကာ ဆုပေးကဏ္ဍ ခြောက်ခု၌ ဆန်ခါတင် ရွေးချယ်ထားခြင်း ခံရကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger