www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 8, 2014

Lifestyle Vietnam 2015 ပြပွဲတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ခေါ်



ရန်ကုန် ၊ ၈-၁၂-၂၀၁၄

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ တွင် ၂ဝ၁၅ ခုနှစ် ဧပြီ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပမည့် Lifestyle Vietnam 2015  ပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် များ တက်ရောက် ပြသရန် ဖိတ်ခေါ် ထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မှ သိရသည်။

ဗီယက်နမ် နိုင်ငံတွင် ကျင်းပမည့် Lifestyle Vietnam 2015 ပြပွဲတွင် ယနေ့ခေတ် လူနေမှုဘဝ ခေတ်ရေစီးကြောင်း နှင့်အညီ ဖန်တီးထားသည့် ဒီဇိုင်းများ၊ ပရိဘောဂ ပစ္စည်းများနှင့် အိမ်အလှ ဆင်ခြင်း စသည့် အကြောင်းအရာ များဆိုင်ရာ ခေတ်မီ ကုန်ပစ္စည်းကဏ္ဍ ပေါင်း ခုနစ်ခုကို ပြသသွားမည် ဟုသိရသည်။

''အရင်နှစ် ဗီယက်နမ်မှာ ကျင်းပတဲ့ ပြပွဲမှာတော့ နိုင်ငံပေါင်း ၃၆ နိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းပေါင်း ထောင်ကျော်ကို ပြခန်းပေါင်း ၈ဝဝ ခန့်နဲ့ ပြသခဲ့ ပါတယ်။ ၂ဝ၁၅ ပြပွဲကိုတော့ ပြခန်းပေါင်း ၁ဝဝဝ ထိ တိုးချဲ့ပြသ သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဗီယက်နမ်ပြပွဲ မှာ ပါဝင်ပြသဖို့ စိတ်ဝင်စားတဲ့ ကုန်သည် စက်မှု အသင်းချုပ်၊ ညီနောင် အသင်းတွေ က အသင်းသားတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ တက်ရောက် ပြသနိုင်ပါတယ်'' ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ဗီယက်နမ်ပြပွဲတွင် တက်ရောက် ပြသရန် စိတ်ဝင်စားသူများ အနေဖြင့် ပြပွဲနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက် များကို သိရှိ လိုပါက www.lifestyle-vietnam.com သို့ ဝင်ရောက် ကြည့်ရှုနိုင်သည့် အပြင် အသင်းချုပ် ပြပွဲဌာန စိတ်အီးမေးလ် ဖြစ်သည့် servicesumfcci@gmail.com သို့ တိုက်ရိုက ဆက်သွယ် ပေးပို့နိုင်ကြောင်း လည်း သိရသည်။ စာရင်းပေးသွင်း ခြင်းကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် နောက်ဆုံးထား ပေးသွင်း ရမည်ဟု သိရသည်။

အတာ

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger