www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 4, 2014

HIV/AIDS နှင့် ဆေးယဉ်ပါးတီဘီ ရောဂါကို တစ်နေရာတည်း ကုသနိုင်သည့် ဆေးခန်းဖွင့်


ရန်ကုန် ၊ ၄-၁၂-၂၀၁၄

မြန်မာနိုင်ငံ၌ HIV/AIDS ကူးစက်ရောဂါ နှင့် ဆေးယဉ်ပါး တီဘီရောဂါကို တစ်နေရာ တည်းတွင် ကုသနိုင်ရန် နယ်စည်းမခြား ဆရာဝန်များအဖွဲ့မှ သဇင်ဆေးခန်း ကို နိုဝင်ဘာ ၂၉ ရက်က ထပ်မံဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးခန်းကို ရန်ကုန်တိုင်း ဒေသကြီး၌ နယ်စည်းမခြားဆရာဝန်များ အဖွဲ့မှ နှစ်ခုဖွင့်လှစ် ထားပြီး အမျိုးသမီး နှင့် ကလေးများကို လှိုင်သာယာတွင် ရှိသော သဇင် ဆေးခန်း ၌ အထူးကုသ ပေးလျက် ရှိကြောင်း သိရသည်။

ကမ္ဘာလုံးဆိုင်ရာ လူထု ကျန်းမာရေး အပေါ် အရေးပေါ် အခြေအနေ ဖြစ်သည့် ဆေးယဉ်ပါး တီဘီရောဂါ ကို မြန်မာနိုင်ငံ၌ ဖြစ်ပွားမှုနှုန်း အမြင့်ဆုံးဟု ကမ္ဘာ့ ကျန်းမာရေး အဖွဲ့မှ သတ်မှတ် ထားသောကြောင့် ယင်း ဆေးခန်းတွင် တိုးချဲ့၍ ဆေးကုသ မှုများ ပေးနေခြင်း ဖြစ်ကြောင်း နယ်စည်းမခြား ဆရာဝန် များအဖွဲ့မှ သိရသည်။

အဆိုပါ ဆေးခန်းသို့ ရောက်ရှိ လာသော လူနာများအား အရောင် ခြောက်မျိုးခွဲ၍ သတ်မှတ်ပြီး သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ မြှင့်တင် ပေးခြင်းများ အတွက် ဆရာဝန် ၆ဝ ဦးနှင့် သူနာပြု ၂၄ ဦးတို့က ဆေးကုသမှုများ ပေးနေကာ အထူး ဝန်ထမ်း ခြောက်ဦးတို့ ကလည်း ကူညီပေး နေကြောင်း နယ်စည်းမခြား ဆရာဝန်များ အသင်းမှ သိရသည်။

ဆုလာဘ်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger