www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 4, 2014

မြန်မာနိုင်ငံသည် အနာဂတ်တွင် အာဆီယံနိုင်ငံများ အတွက် ဆန်စပါးကဏ္ဍတွင် အရေးကြီးဆုံးနိုင်ငံ ဖြစ်လာမည်ဟု မျှော်မှန်း


စပါးအ၀ယ်ဒိုင်တစ်ခုကို တွေ့ရစဉ်

နေပြည်တော် ၊ ၄-၁၂-၂၀၁၄

မြန်မာနိုင်ငံ အနေဖြင့် အနာဂတ်တွင် အင်ဒိုနီးရှားနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံ များအတွက် ဆန်စပါး ကဏ္ဍတွင် အရေးကြီးဆုံး နိုင်ငံ ဖြစ်လာမည်ဟု မျှော်မှန်း ထားကြောင်း အင်ဒိုနီးရှား ဓာတ်မြေသြဇာ ကုမ္ပဏီ ဥက္ကဋ္ဌ Mr. Arifi n Tasrif က ပြောကြား ခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံသည် လူဦးရေ သန်း ၆ဝ နီးပါးသာ ရှိပြီး တစ်နှစ်လျှင် နွေစပါး နှင့် မိုးစပါးဧက သန်း ၂ဝ ကျော်ခန့် စိုက်ပျိုးနိုင်ကာ ဆန်စပါးစားသုံးမှု မှာလည်း ကီလို ၁၉ဝ ခန့်သာ ရှိသည့်အတွက် များစွာ ပိုလျှံကြောင်း သိရသည်။ အင်ဒိုနီးရှား နိုင်ငံသည် လူဦးရေ သန်း ၂၅၀ ကျော်ရှိပြီး စပါးစိုက်ဧက သည် ၁၀ သန်းကျော် ရှိသည်။ အင်ဒိုနီးရှား နိုင်ငံ၌ တစ်နှစ်လျှင် ဆန်စားသုံးမှုမှာ ၁၃၅ ကီလိုဖြစ်သည့် အတွက် ဆန်လိုအပ်ချက် များရှိနေရာ ယင်း လိုအပ် ချက်များကို မြန်မာနိုင်ငံမှ ဖြည့်ဆည်း ပေးနိုင်ကြောင်း သိရသည်။

''ကျွန်တော်တို့ ဆီမှာ ဓာတ်မြေသြဇာ တွေပိုနေ ပါတယ်။ မြန်မာနိုင်ငံ က ဆန်တွေ ပိုနေတဲ့ အတွက် အလဲအလှယ် လုပ်နိုင်မယ်လို့ မျှော်လင့် ပါတယ်။ မြန်မာနိုင်ငံ ဟာ အနာဂတ် မှာ အင်ဒိုနီးရှားနိုင်ငံ ကိုသာမက အာဆီယံ နိုင်ငံတွေ အတွက်လည်း ဆန်စပါး ကဏ္ဍမှာ အရေးကြီးဆုံး နိုင်ငံ ဖြစ်လာမယ်လို့ မျှော်မှန်း ပါတယ် .. '' ဟု ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

ထို့အပြင် အိမ်နီးချင်း နိုင်ငံများ သည်လည်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာသည် နှင့်အမျှ စိုက်ပျိုးမြေများ လျော့နည်း လာသည့်အတွက် ဒေသတွင်း ဆန်ဖူလုံမှု ရှိစေရန် မြန်မာ နိုင်ငံအား မျှော်မှန်းသည့် အတွက် မြန်မာ နိုင်ငံ၏ ဆန်စပါး ကဏ္ဍများကို လာမည့်နှစ် များတွင် ဦးစားပေး မြှင့်တင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ယခင်က အိမ်နီးချင်း နိုင်ငံများတွင် ဆန်တင်ပို့မှု အများဆုံး နှင့် ဆန် အရည်အသွေး ကောင်းမွန်သော နိုင်ငံအဖြစ် ရပ်တည် နိုင်ခဲ့ကြောင်း သိရသည်။

နေနေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger